အင်ဒိုနီးရှားစတိုင် အုန်းနို့ကောက်ညှင်းပေါင်း
ဒီ အင်ဒိုနီးရှားစတိုင် အုန်းနို့ကောက်ညှင်းပေါင်းလေးက အရသာ စိမ့်ပြီ အလွန် စားလို့ကောင်းပါတယ်။ မနက်စာနှင့် အစာပြေစာ အဖြစ် စားသုံးနိုင်ပါတယ်။ ကောက်ညှင်းကို ပေါင်းအိုးနဲ့ ပေါင်းထားတာမို့ ထမင်းအိုးနဲ့ ချက်တာထက် ပိုပြီ နူးအိပြီ စားလို့လည်း ပိုကောင်းပါတယ်။ အုန်းနို့ပါဝင်သော်လည်း မအီနေပဲ ချိုစိမ့်စိမ့် အရသာလေးကို ရရှိမှာပါ။ ချက်နည်းလေးကို ကြည့်ကြည့်ရအောင်….
ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းဆန် – ၃၀၀ ဂရမ် (ရေထဲမှာ ၃နာရီကြာ စိမ်ထားပေးပါ)
မှတ်ချက် ။ ။ ၃နာရီထက် အချိန်ပို၍ မစိမ်ပါနှင့်…
၂။ Pandan flavor color – လက်ဖက်ရည်ဇွန်း ၁ဇွန်း (ရေအနည်းငယ်ဖြင့် ရောပါ)
၃။ အုန်းနို့နှစ်ဗူး (Coconut Cream) – ၁၀၀ဂရမ်
၎။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
၆။ ပုဇွန်ခြောက်မှုန့် – လက်ဖက်ရည်ခွက် ၂လုံးစာ
ချက်ပြုတ်နည်း
၁။ ၃နာရီကြာ ရေစိမ်ထားသော ကောက်ညှင်းဆန်များကို ရေအနည်းငယ်ချန်ပြီ ကျန်ရေများကို သွန်လိုက်ပါ။
၂။ ပြီလျှင် Pandan flavor color ကို ကောက်ညှင်းဆန်ထဲ့ထည့်ပြီ ရောမွှေလိုက်ပါ။
၃။ ကောက်ညှင်းဆန်များ အစိမ်းရောင်လေးများ ဖြစ်သွားပါလိမ့်မည်။ ပြီလျှင် ပေါင်းအိုးထဲသို့ မထည့်မှီ အရသာအတွက် (အုန်းနို့နှစ်၊ ဆား၊ သကြား) တို့ကို ထည့်ရောမွှေလိုက်ပါ။
၎။ ထို့နောက် ကောက်ညှင်းဆန်များကို စတီခွက်တစ်ခုထဲ ထည့်၍ ပေါင်းအိုးဖြင့် မိနစ် ၃၀ခန့် ပေါင်းပေးပါ။
၅။ ကောက်ညှင်းဆန်အိလာလျှင် ပေါင်းအိုးမှ ချပြီ ငပျောရွက်များဖြင့် တြိဂံပုံသဏန်လေးများ ထုပ်ပေးပါ။
၆။ တြိဂံပုံသဏန်ထုပ်ထားသော အုန်းနို့ကောက်ညှင်းထုပ်လေးများကို ပေါင်းအိုးဖြင့် ၁၀မိနစ်ခန့် ထပ်ပေါင်းပေးပါ။
ရ။ နောက်ဆုံး ပေါင်းအိုးထဲမှ ပြန်ထုတ်ပြီ အပေါ်မှ ပုဇွန်ခြောက်မှုန့်လေးများ ဖြူးကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ…
yummy yummy pig yay…sorry bae kha tin pay loe ma ya loe heee
haa ya par tel!!! it is really good!
ကောက်ညှင်းကို အုန်းနို့နဲ့၊ ပုစွန်ခြောက်နဲ့ တွဲမစားဖူးဘူး.. စိတ်ဝင်စားသွားပြီ.. ကျေးဇူး မမ၀တ်ရည်..
Sunny yay, pls try it… It is not difficult to cook! 😀
အိန္ဒိယမှာကောင်းညှင်းဆန်ရောင်းတဲ့ဆိုင် ရှိလား မသိဘူး ။သိရင်လှမ်းညွှန်ကျပါအုံးဗျာ …. ဒီလိုလေးစားချင်လို့…ဟင်းအသစ်တင်တိုင်းလာကြည့်မယ်နော် …ကျေးဇူးဗျာ.
ကောက်ညှင်းဆန်ကို sticky rice, sweet rice, waxy rice, botan rice, biroin chal, mochi rice, and pearl rice လို့  ခေါ်ပါတယ်။ ဆန်ရောင်းတဲ့ ဆိုင် (သို့ ) ကုန်ခြောက်ရောင်းတဲ့ဆိုင်တွေမှာ ရှာကြည့်ပါ၊ ရှာလို့ မတွေ့ ရင် မေးကြည့်ပါ။
မိုးရေ ကူညီဖြေပေးလို့ ကျေးဇူးပါနော်…
အရောင်လေးကလည်း ကိုယ့်အကြိုက်
အချိုဆိုတော့ ပုဇွန်ခြောက်ထက် နို့မှုန့်လေးနဲ့ တို့စားချင်တယ်
လုပ်စားဦးမယ် ကွယ် ဒန်တန်တန်
တချို့က သကြားရည်လေးနဲ့ တွဲစားတယ် မချော။ အဆင်ပြေရင် လုပ်စားကြည့်ပါနော်… 😀
i like it very much…..
THanks, Plz try it!!
ကျေးဇူးဘဲနော်။ လုပ်စားကြည့်ဦးမယ်။
လုပ်စားကြည့်ပါ.. တကယ်စားကောင်းတယ်
Wonderful ! Thanks for the recipe 🙂
🙂
အမ
ကောက်ညှင်းဆန် ၃၀၀ ဂရမ်က နို့ဆီဘူးဘယ်လောက်ရှိလဲ………….
i like ittt
It is good one.. Plz try it 🙂