Feeds:
Posts
Comments

Archive for the ‘အဓိက ဟင်းလျာများ’ Category

ပြည်ကြီးငါး အချိုကြော်ချက်

အလုပ်သွားရင် ထည့်ပေးဖို့ စဉ်းစားမိတဲ့ ထမင်းဘူးလေးကတော့ ပြည်ကြီးငါးကို ရွှေပဲသီး၊ ၀က်သားပြားတို့နှင့် အချိုကြော်ထားတဲ့ ဟင်းလျာလေးပါ။ ချိုစိမ့်ပြီ ဟမ်အရသာကြောင့်ပါ ပိုမို ထူးခြားကောင်းမွန်ပါတယ်။ လုပ်ရတာလည်း လွယ်လွယ်လေးရယ်…

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး – ၂၄၀ ဂရမ် (ရေစင်အောင်ဆေးပြီ အညှစ်အကြေးများ ဖယ်ထားပါ)
  • ဟမ်(၀က်သားပြား) – ၄ပြား (အတုံးလေးများ လှီးပါ)
  • ရွှေပဲသီး – ၁၅ခု (အညှာလှီးထားပါ)

(more…)

Read Full Post »

ဝက်နံရိုး အချိုဟင်း

ဒီတစ်ခါတော့ Piggy ထမင်းဘူးလေးပါ။ သားသားမီးမီးတို့ ကြိုက်မယ့် ၀က်နံရိုး အချိုဟင်းလေးရယ်၊ ပြောင်းဖူးကြော်လေး တွဲဖက်ပေးထားပါတယ်။ အချိန်တိုတွင်းမှာပဲ ထမင်းဘူးလေးကို ပြင်နိုင်တာမို့ လုပ်နည်းလေး ကြည့်ရအောင်…

 

ပါဝင်သောပစ္စည်းများ

၁။ ၀က်နံရိုး – ၃၀၀ ဂရမ် (အတုံး ၂”လောက်အရွယ်တုံးပေးပါ)

၂။ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၂ဇွန်း

၃။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၁ဇွန်း

(more…)

Read Full Post »

ဘဲပေါင်း ဆီချက် ခေါက်ဆွဲ (၄ယောက်စာ)

မနက်စာ၊ နေ့လည်စာ အစာပြေအဖြစ် လုပ်စားနိုင်အောင် ဘဲပေါင်း ဆီချက်ခေါက်ဆွဲလေးပါ။ ဘဲသားကို နူးအိအောင် ၀တ်ရည်ကတော့ အရင်ဆုံး ဆန်ဝိုင်၊ တရုတ်ဟင်းခတ်တွေနဲ့ နုပ်ပြီမှ pressure cooker နဲ့ပေါင်းထားပါတယ်။ ဆီချက်ခေါက်ဆွဲ အအီပြေ ကြက်သွန်နီ၊ ငရုတ်သီးဆော့ချဉ်လေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ တူတူချက်ကြည့်ရအောင်…

ဘဲပေါင်းတွင် ပါဝင်ပစ္စည်းများ

၁။ ဘဲပေါင်ရင်သား – ၄၀ကျပ်သား (သန့်စင်ပြီးသား)

၂။ တရုတ်မာဆလာ – စားပွဲတင်ဇွန်း တ၀က်

၃။ သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

(more…)

Read Full Post »

ဝက်သား တောက်တောက်ကြော်

တရုတ်စားသောက်ဆိုင်တိုင်း လိုလိုမှာ မှာယူစားသာက်နိုင်သော ၀က်သား တောက်တောက်ကြော်ကို အိမ်မှာ ကိုယ်တိုင် ချက်စားကြည့်ကြရအောင်။

ဝက်သားပြားတွင် ပါဝင်သော ပစ္စည်းများ

၁။ ၀က်သား (အဆီမပါ) – ၂၀ကျပ်သား (နှုတ်နှုတ်စင်းပါ)

၂။ ကြက်သွန်ဖြူ – ၃ခု (နှုတ်နှုတ်ဆင်းပါ)

၃။ ဘဲဥ – ၁လုံး (ခလောက်ပါ)

၎။ ပဲငံပြာရည်(အနောက်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း

(more…)

Read Full Post »

ကမာကင်

ပင်လယ်စာချစ်သူများအတွက် ကမာကို ကြော်တဲ့နည်းမဟုတ်ပဲ၊ ထူးထူးခြားခြား ကင်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်ကတော့ ၀တ်ရည် အမြဲလိုလို ကမာကို ကြောပြီပဲစားဖြစ်တယ်။ ကင်တာကို ၀ိုင်နဲ့နုပ်ပြီမှ ကင်တာမို့ ပိုပြီ အရသာကောင်းတာ တွေ့ရလို့ ချက်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်နော်..

ပါဝင်ပစ္စည်းများ

၁။ ကမာ – ၁၂ကောင် (၉၀၀ ဂရမ်) (ကမာကို မင်းလမ်းမှာ ရနိုင်သလို၊ တချို့ SuperMarket တွေမှာလည်း ၀ယ်ယူနိုင်ပါတယ်)

၂။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)

၃။ ကြက်သွန်မြိတ် – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)

၎။ ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)

(more…)

Read Full Post »

ထမင်းပေါင်း (၃ယာက်စာ)

ပါဝင်သောပစ္စည်းများ

၁။ ချက်ပြီးသားထမင်း (ဆန်၁လုံး)

၂။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အပါး စောင်းလှီးပါ)

၃။ ကြက်အသဲမြစ် – ၂စုံ (အပါး စောင်းလှီးပါ) (optional)

(more…)

Read Full Post »

နှင်းဆီ ပုဇွန်

ဟိုတယ်စတိုင် နှင်းဆီ ပုဇွန်ကို စားသုံးသူတိုင်း နှစ်သက်ကြ ပါလိမ့်မည်။ တရုတ်စတိုင် ဟင်းလျာတစ်ခု ဖြစ်ပါတယ်… စားသုံးသွားကြပါအုန်းရှင်

ပါဝင်သော ပစ္စည်းများ

၁။ ပုဇွန်တုတ် – ၃၀ကျပ်သား (အခွံမခွာပါနှင့်)

၂။ ပန်းကော်ဖီပွင့် (သို့) broccoli – တစိပ် (အတုံးလေးများ လှီးပါ)

၃။ mustard – စားပွဲတင်ဇွန်း တ၀က် (CityMart ဆိုင်တွင် ၀ယ်ယူနိုင်ပါသည်)

(more…)

Read Full Post »

ဘဲသားအချိုကြော်


ဘဲသားအချိုကြော်ကို ဒီနေ့ ညနေစာအဖြစ်လုပ်စားဖြစ်တာနဲ့ တင်လိုက်တာ… အိမ်သားတွေတော့ တော်တော်ကြိုက်ကြတယ်။ ပြင်ဆင်ထားတာ လေးကလည်း စားချင်စဖွယ်လေး၊ ငရုတ်ကောင်းနံလေးကလည်း မွှေးနေတာမို့ မစားသေးခင်ကပင် စားချင်နေမယ့် ဘဲသား အချိုကြော်ကို သုံးဆောင်သွားကြပါအုန်းနော်….

ပါဝင်သောပစ္စည်းများ

၁။ ဘဲ – ၃၀ကျပ်သား (တခြမ်း)

၂။ ငရုတ်ကောင်း – စားပွဲတင်ဇွန်း တ၀က် (ထောင်းပါ)

၃။ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း တ၀က်

(more…)

Read Full Post »

ဝက်စတူး နှင့် မုန့်ညှင်း

ဝက်စတူးနှင့် မုန့်ညှင်းဟင်းသည် ချက်ရတာလွယ်ကူပါတယ်။ ၀တ်ရည် အိမ်သားတွေ ကြိုက်နှစ်သက်လို့ အမြဲတမ်းလိုလိုချက်လေ့ရှိပါတယ်။ ၀က်စတူး နဲ့ မုန့်ညှင်းကို အရသာကလည်း ကောင်းမွန်တာမို့ လုပ်စားကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

၁။ ၀က်သား၃ထပ်သား – ၄၀ကျပ်သား

၂။ ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

၃။ ပျားရည် – စားပွဲတင်ဇွန်း ၃ဇွန်း

(more…)

Read Full Post »

ငါးရှဉ့်ကြော်

ဒါကတော့ ငါးရှဉ့်ကြော်လေးပါ။ ၀တ်ရည်ချက်နည်းနဲ့ လုပ်ထားပေမယ့် ဆိုင်ကအတိုင်း စားလို့ အရမ်းကောင်းပါတယ်။ လုပ်ရလည်း အရမ်းလွယ်ပါတယ်။ ဒါကြောင့် ချက်နည်းလေးကို ကြည့်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ
၁။ ငါးရှဉ့်( အသားလွှာပြီသား)– ၃၅၀ ဂရမ်

၂။ ဂျုံမှုန့် – ဆန်ချိန်ခွက် ၃ခွက်စာ

၃။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

၎။ ငရုတ်သီးမှုန့် (အနီ) – စားပွဲတင်ဇွန်း ၂ဇွန်း (အစပ်ကြိုက်သူများ ၄ဇွန်းထိ ထည့်နိုင်သည်)

၅။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၆။ ကြက်သွန်နီ – ၁လုံး (ပါးပါးလှီးပြီ ဆီနဲ့ကြော်ပေးထားပါ)

(more…)

Read Full Post »

‘ဟောင်ကောင် ဘဲကင်’

 

ဟောင်ကောင်စတိုင် အိမ်လုပ် ဘဲကင်လေးပါ။ ပျားရည်၊ တရုတ်ဟင်းခတ်၊ ဆန်ဝိုင်တို့နဲ့ နှပ်ထားတာမို့ ဘဲကင်ရဲ့ ချိုစိမ့်တဲ့ အရသာရယ်၊ ဘဲကင်ရဲ့ မွှေးရနံ့ကိုပါ အပြည့်အ၀ ရရှိမှာဖြစ်ပါတယ်။ လုပ်နည်းကလည်း လွယ်တာမို့ အိမ်မှာပဲဖြစ်ဖြစ်၊ စီးပွားရေးအတွက် ရောင်းရန်ပဲ ဖြစ်ဖြစ် လုပ်စားနိုင်ပါတယ်။ လုပ်နည်းလေးကို တူတူကြည့်လိုက်ရအောင်…

ပါဝင်ပစ္စည်းများ [Ingredients]

  • ဘဲ [duck]                            ♦ ၁ကောင်( ၅-၆ပေါင် )
  • ပျားရည် [honey]                ♦ စားပွဲတင်ဇွန်း ၆ဇွန်း
  • ရှာလကာရည် [vinegar]    ♦ စားပွဲတင်ဇွန်း ၂ဇွန်း

Read Full Post »

နှစ်သစ်အမှတ်တရ ဟင်းရွက်စုံခေါက်ဆွဲကြော်

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ နှစ်သစ်ကူးနေ့ အမှတ်တရ ဟင်းရွက်စုံခေါက်ဆွဲကြော်လေးကို ချက်စားဖြစ်ပါတယ်။ ရိုးရိုးခေါက်ဆွဲကြော်နဲ့ အရသာမတူပဲ တမူထူးခြားပြီ စားလို့လည်း အရမ်းကောင်းပါတယ်။ တူတူချက်စားကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

၁။ ဆန်ခေါက်ဆွဲ (အသေး) – ၂၅၀ဂရမ်

၂။ ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း

(more…)

Read Full Post »

ပင်လယ်စာ ဂေါ်ဖီရွက်ထုပ်ဟင်း

ဒီဟင်းလေးက ဂေါ်ဖီရွက်နဲ့ ပင်လယ်စာတွေကို ထုပ်ပြီ Microwave နဲ့ချက်ထားတာမို့ တစ်မျိုးဆန်းသစ်တဲ့ ဟင်းသစ် တစ်မျိုးပါ။ ၀တ်ရည်က ဟင်းဆို အသစ်အဆန်းကို ပိုသဘောကျတယ်။ ဒါကြောင့် ဒီဟင်းသစ်လေးကို ချက်စားကြည့်တာ တကယ်စားကောင်းတာမို့ အိမ်မှာ လွယ်လွယ်ကူကူ လုပ်စားနိုင်အောင် ချက်နည်းနဲ့ တကွတင်ပေးလိုက်ပါတယ်…

ပါဝင်သောပစ္စည်းများ

၁။ ပုဇွန်ဘော်ကျိစ် – ၁၀ကျပ်သား (အခွံနွာပြီ နှုတ်နှုတ်ဆင်းထားပါ)

၂။ ဂဏန်းချောင်း – ၅ချောင်း (နှုတ်နှုတ်ဆင်းထားပေးပါ)

(more…)

Read Full Post »

ရောင်စုံဘောလုံး ကြက်သားနှင့်ဟင်းရွက်စုံဟင်း

အင်တာနက် မရတာနဲ့ ဟင်းသစ် မတင်ဖြစ်တာ ကြာသွားပါတယ်။ ခုမှပဲ ရတုန်း မြန်မြန် တင်ဖြစ်တာပါ။ ဒီဟင်းလေးကတော့ ကြက်သားနှင့် ဟင်းရွက်များကို ဘောလုံးပုံ အလုံးလေးများ လုပ်ပြီ ချက်ပြုတ်ထားမို့ အလွန်ထူးခြားပြီ စားလို့လည်း အရမ်းကောင်းပြီ ဟင်းသစ်တမျိုးဖြစ်ပါ။ တူတူလုပ်စားကြည့်ရအောင်… (more…)

Read Full Post »

ပုဇွန်လုံး ချိုချဉ်ကြော်

လွယ်လွယ်ကူကူ ညနေစာ ပုဇွန်လုံး ချိုချဉ်ကြော်လေးပါ။ ဟင်းရွက်အစုံနှင့်မို့ ကျန်းမာရေးနှင့်လည်း ညီညွတ်ပြီ စားလို့ တော်တော်ကောင်းပါတယ်။ တူတူ လုပ်စားကြအောင်…

ပါဝင်သောပစ္စည်းများ

၁။ ပုဇွန်ဘော်ကျိစ် – ၂၀ကျပ်သား (အခွံနွှာ၊ ခေါင်းဖြုတ်ပြီ နှုတ်နှုတ်ဆင်းပါ)

၂။ မုန်လာဥနီ – ၃ခု ( အ၀ိုင်းလေးများလှီးပါ)

၃။ ဘိုးစားပဲ – ၁စည်း (အစောင်းလေးများ လှီးပါ)

(more…)

Read Full Post »

ဟင်းလျာ-၁၀၀ပြည့် အထိမ်းအမှတ် ”ကြက်သားတို့ဟူး မြေအိုးဟင်း”

-Wutyee Food House ကို ၀တ်ရည်စလုပ်ဖြစ်တာ ဒီဇင်ဘာလ ၁၅ရက်နေ့ကပါ။ ဟင်းလျာ အမျိုးပေါင်း ၁၀၀ပြည့်နေ့ အထိမ်းအမှတ်တရ အနေနဲ့ ဒီ post လေးကို တင်လိုက်ခြင်း ဖြစ်ပါတယ်။

-၀တ်ရည်ရဲ့ အဓိက အလုပ်ကတော့ စာရေးသားခြင်း ဖြစ်ပြီ စာရေးဆရာမ တစ်ဦး ဖြစ်ချင်သူပါ။ ဟင်းချက်တာကတော့ ၀တ်ရည်ဘ၀ရဲ့ ဒုတိယအရေးဆုံး အရာ တစ်ခုပါ။ တစ်နေ့လောက် ဟင်းမချက်ဖြစ်ရင် ရင်ထဲမှာ ဟာတာတာလေး ဖြစ်နေတတ်ပါတယ်။ ၀တ်ရည် ၂၀၀၈ ခုနှစ် Staresourse မှာဟိုတယ် ဟင်းအချက်ပြုတ်နည်းကို စေတနာ အပြည့်ဖြင့် သင်ပေးခဲ့သော ၀တ်ရည်ရဲ့  ဆရာများကိုလည်း ခုထိ ရင်ထဲက ကျေးဇူးတင်လို့ မဆုံးပါဘူး။

-နောက်ထပ် ဟင်းလျာ ၂၀၀ပြည့် အထိမ်းအမှတ်နေ့လေးကိုလည်း ပြုလုပ်ချင်ပါသေးတယ်။ ဟင်းလျာသစ်များကို တတ်နိုင်သမျှ ဆက်လက်တင်ရှိသွားမှာလည်း ဖြစ်ပါသည်။

-Wutyee Food House မှာအားပေးသော ဟင်းချက်ဝါသနာတူ ညီအကို၊မောင်နှမများ အားလုံးကို အထူး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်းပါ။

”ကြက်သားတို့ဟူး မြေအိုးဟင်း”

ပါဝင်သောပစ္စည်းများ

၁။ ကြက်သား (ရင်ဗုံသား) – ၂၀ကျပ်သား (အပါးအစောင်းလှီးပါ)

၂။ တို့ဟူး – ၂ခု (အ၀ိုင်းအတုံးလေးများတုံးပါ)

(more…)

Read Full Post »

လီမွန်ကြက်သားကြော်

လီမွန်ကြက်သားကြော်က လီမွန်နဲ့ ရောကြော်ထားတာမို့ လီမွန် အနံ့လေးရော၊ အရသာလေးပါ စားလို့ ကောင်းပါတယ်… ထမင်းနဲ့ တွဲစားဖို့လည်း အလွန်လိုက်ဖက်တဲ့ တရုတ်ဟင်းလျာ တစ်မျိုးပါပဲ။ တူတူချက်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

၁။ ကြက်ရင်ဗုံသား – ၁၅ကျပ်သား (၁လက်မအရှည်အစောင်းလှီးပါ)

၂။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်

(more…)

Read Full Post »

အီကြာကွေ အစားသွပ်ကြော်

ဒီ အီကြာကွေ အစားသွပ်ကြော်က ၀တ်ရည် ထွင်ထားသည့် ဟင်းသစ် တစ်မျိုးပါ။ မနေ့ညနေပိုင်း ညနေစာ အဖြစ် လုပ်စားတာ အိမ်သာ အားလုံး ကြိုက်နှစ်ကြတဲ့ ဟင်းသစ် တစ်မျိုးပါ။ အီကြာကွေ အစားသွပ်ကြော်က ကြွပ်ရွပြီ စားလို့လည်း အရမ်းကောင်းပါတယ်။ ဒါကြောင့် လုပ်စားကြည့်ဖို့ မမေ့ကြနဲ့နော်…

အီကြာကွေ အစားသွပ်တွင် ပါဝင်သောပစ္စည်းများ

၁။ အီကြာကွေ – ၄ချောင်း (ပူးတွဲ မဟုတ်ပါ)

၂။ ကြက်သား(သို့) ၀က်သား – ၁၅ ကျပ်သား (နှုတ်နှုတ်ဆင်းထားပါ)

(more…)

Read Full Post »

နိုင်လွန်ပုဇွန် (Shrimp_Dumplings)


နိုင်လွန်ပုဇွန်ကို တရုတ်လို ဟာကို လို့ခေါ်ပါတယ်။ နိုင်လွန်ပုဇွန်ကို မနက်စာ Dimsum အဖြစ် စားသောက်ဆိုင်တွေ အများအားဖြင့် ၀ယ်စားကြပါတယ်။ ၀တ်ရည်ကတော့ ဆိုင်မှာ ၀ယ်စားတာထက် အိမ်မှာ စိတ်ကြိုက် လုပ်စားရတာကို ပိုသဘောကျပါတယ်။

နိုင်လွန်ပုဇွန် လုပ်ရတာတော့ ပေါက်စီလိုပဲ သိပ်မခက်ခဲလှပါဘူး။ ဒါကြောင့် မနေ့က နိုင်လွန်ပုဇွန် လုပ်စားဖြစ်တာနဲ့ ချက်နည်း နှင့် တကွ လုပ်ပုံ အဆင့်ဆင့်ကို ပုံနှင့် တကွ တင်ပေးလိုက်ပါတယ်။ အရသာကောင်းမွန်သော နိုင်လွန်ပုဇွန်ကို အိမ်မှာ လုပ်စားရင်း ပျော်ရွှင်နိုင်ကြပါစေ…

ဂျုံဒိုး အတွက် ပါဝင်သောပစ္စည်းများ

၁။ Wheat Starch (or) Wheat Flour (နိုင်လွန်ပုဇွန် လုပ်သည့် ဂျုံ) – ၂၂၀ ဂရမ်

၂။ Topical Flour – ၅၀ ဂရမ်

၃။ ဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

(more…)

Read Full Post »

ဘေဂျင်း (Beijing) ထမင်းကြော် (၄ယောက်စာ)

ဒါကတော့ Beijing ထမင်းကြော်လေးပါ။ မနက်စာ စားရန် ထမင်းကြော် အသစ်အဆန်းလေးပါ။ လုပ်ရတာလည်း လွယ်ပြီ စားလို့လည်း အရသာကောင်းပါတယ်။ နှမ်းဆီနံ့လေးမွှေးပြီ အရသာက သာမန် ထမင်းကြော်တွေနဲ့ မတူပဲ ထူးခြားမူလေးတွေ ရှိပါတယ်။ ချက်နည်းလေးကို တူတူကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

၁။ ချက်ပြီးသား ထမင်း – ၄၀၀ဂရမ်

၂။ ကြက်ဥ – ၃လုံး ( ဆား(လက်ဖက်ရည်ဇွန်း တ၀က်) ထည့်ပြီ ခလောက်ပေးပါ)

(more…)

Read Full Post »

ကြက်သား နှင့် မျှစ်ကြော်ဟင်း


ဒီဟင်းသစ်လေးကတော့ တရုတ်စတိုင် ကြက်သားနှင့် မျှစ်ကြော်လေးပါ။ ထမင်း ပူပူလေးနဲ့ မနေ့ညက စားလိုက်တာ ဘယ်လို အရသာရှိမှန်းကို မသိဘူး။ ဒါနဲ့ ချက်နည်းလေးကို မျှဝေပေးချင်တာနဲ့ တင်လိုက်တာပါ။ အချိန်တိုတိုအတွင်း ချက်စားနိုင်သည့် ဟင်းအသစ်အဆန်းလေးကို ချက်စားကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

၁။ ကြက်သား (ရင်ဗုံသား) – ၂၀ ကျပ်သား (အရှည်လိုက်လေးများ လှီးပါ)

၂။ မျှစ် – ၅ကျပ်သား ( အရှည်လေးများ လှီးပါ)

(more…)

Read Full Post »

ကြက်တောင်ပံ အစားသွပ် နှင့် ဂျင်းဆော့

ကြက်တောင်ပံ အစားသွပ် ကြော်နည်းကို တင်ဖူးပေမယ့် ဒီတစ်ခါတော့ ဂျင်းဆော့လေးနဲ့ ဟိုတယ်စတိုင် ( ကြက်တောင်ပံ အစားသွပ် နှင့် ဂျင်းဆော့) ဟင်းလေးကို တင်လိုက်ပါတယ်။ ပြီးတော့ ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်အဆင့်ကိုပါ သေသေချာချာ ဓာတ်ပုံနဲ့ တကွ တင်ပေးထားတဲ့ အတွက် ချက်ပြုတ်ရမှာ လွယ်ကူမှာ ဖြစ်ပါတယ်။ အရသာကတော့ ကောင်းလား မမေးနဲ့ ချက်ကြည့်လိုက်ပါ၊ ကြိုက်သွားမှာ သေချာပါတယ်နော်…

ကြက်တောင်ပံ အစားသွပ် ပါဝင်သောပစ္စည်းများ

၁။ ကြက်တောင်ပံ – ၁၀ခု

၂။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)

(more…)

Read Full Post »

ပုဇွန် ကော်ပြန့်

ညနေခင်း ထမင်းမစားချင်တာနဲ့ လုပ်စားဖြစ်လိုက်တဲ့ ပုဇွန် ကော်ပြန့်လေးပါ။ ကော်ပြန့်စိမ်းရယ်၊ ကော်ပြန့်ကြော်ရယ် ၂မျိုးလုပ်စား ဖြစ်ပါတယ်။ အိမ်သားတွေကတော့ တော်တော် စားကောင်းတယ် ပြောကြတာနဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်…

ပါဝင်သောပစ္စည်းများ

၁။ ကော်ပြန့်ရွက် – ၂၀ရွက် (အသေး)

(more…)

Read Full Post »

တရုတ်စတိုင် ပုဇွန်ချိုချဉ်


ပါဝင်သောပစ္စည်းများ

၁။ ပုဇွန်ကျား – ၃၀ကျပ်သား (ပုဇွန် အမြီးချန် ၂ပိုင်းပိုင်းပါ)

၂။ ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်ဆင်းပါ)

(more…)

Read Full Post »

မန်ချူးကြက်သားကြော်

ကြက်သားကြော်ရန် ပါဝင်သောပစ္စည်းများ

၁။ ကြက်ရင်ဗုံသား – ၂၀ ကျပ်သား (အစောင်း ထူထူးလှီးပါ)

၂။ ကော်မှုန့် – စားပွဲတင်ဇွန်း ၄ဇွန်း

(more…)

Read Full Post »

ကြက်သားချိုချဉ်ကြော်

ပါဝင်သောပစ္စည်းများ

၁။ ကြက်ရင်ဗုံသား (သို့) ၀က်သား – ၁၅ကျပ်သား (အစောင်းပါးပါးလေး လှီးပါ)

၂။ မုန်လာဥနီ – ၃ခု ( အ၀ိုင်းလေးများလှီးပါ)

(more…)

Read Full Post »

ဝက်သားပေါင်း

ပါဝင်သောပစ္စည်းများ

၁။ ၀က်သား – ၁၀ကျပ်သား (နှုတ်နှုတ်ဆင်းပါ)

၂။ ပုဇွန် – ၁၀ကျပ်သား (အခွံခွာပြီး နှုတ်နှုတ်ဆင်းပါ)

၃။ ကြက်သွန်မြိတ် – ၁စည်း (နှုတ်နှုတ်ဆင်းပါ)

(more…)

Read Full Post »

ကြက်သား ကောက်ညှင်းပေါင်း


ကောက်ညှင်းဆန်အတွက် ပါဝင်သောပစ္စည်းများ

၁။ ကောက်ညှင်းဆန် – ၅၀၀ဂရမ်

၂။ ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

(more…)

Read Full Post »

တရုတ် ခေါက်ဆွဲကြော်

တရုတ်ခေါက်ဆွဲကြော်ကို မနက်စာ၊ အစာပြေ၊ ညနေစာ  အဖြစ် မိမိနှစ်သက်လို သုံးဆောင်နိုင်ပါတယ်။ အရသာကောင်းပြီး အချိန်တိုတွင်း စားသုံးနိုင်တာမို့ ကြိုက်နှစ်သက်ကြပါလိမ့်မယ်….

ပါဝင်သောပစ္စည်းများ

၁။ ခေါက်ဆွဲခေါက် – ထုပ်သေးတစ်ထုပ် (ရေနွေးအနည်းငယ်ဖျောပေးပြီး ဇကာဖြင့် ပြန်ဆယ်ထားပါ)

၂။ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်ဆင်းပါ)

(more…)

Read Full Post »

ဝက်သား ဆာတေးကင်


ဝက်သားဆာတေးကို အိမ်မှာ လုပ်စားချင်သူတွေ အတွက် ၀က်သားဆာတေးမွှေးမွှေးလေးပါ။ လုပ်စားကြည့်ကြပါအုန်းနော်….

ဝက်သားကို နုပ်ထားရန် ပါဝင်သောပစ္စည်းများ

၁။ ၀က်သား – ၂၀ ကျပ်သား (၁ပေခွဲ အရှည်ပါးပါးလှီးပါ)

၂။ ဆနွင်းမှုန့် (Turmeric Powder) – စားပွဲတင်ဇွန်း တ၀က်

(more…)

Read Full Post »

Older Posts »