Feeds:
Posts
Comments

“Wutyee Food House မှ ကြိုဆိုပါသည်”

Email Subscription : လုပ်ခြင်းဖြင့် ဒီဘလောက်မှာ ဟင်းလျာအသစ်တင်တိုင်း  တင်ထားသော ဟင်းလျာများကို အီးမေးက တဆင့်အကြောင်းကြားပေးပါတယ်။

Categories : အောက်မှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ပီဇာ၊ လာအို၊ အနောက်တိုင်း ဟင်းချက်နည်းခွဲ တားပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ ချက်နည်းများကို အလွယ်တကူရှာဖွေ နိုင်ပါသည်။

Cooking Method : ၀တ်ရည် ချက်နည်း အဆင့်အဆင့်ကို ပုံတွေနဲ့တကွ ဖော်ပြပေးထားပါတယ်။

Blog : ဒီဘလောက်ကို တခေါက်ဝင်ကြည့်ပြီးတိုင်း နောက်တခါဝင်ကြည့်ဖို့ရယ်၊ နီးစပ်ရာ သူငယ်ချင်းတွေကို share လုပ်ပေးဖို့ မမေ့ကြနဲ့နော်။ ၀တ်ရည်ဘလောက်ကို ၀င်ကြည့်သူတိုင်း အရှေ့တိုင်း၊ အနောက်တိုင်း ဟင်းလျာများကို ကိုယ်တိုင် ချက်ပြုတ်ရင်း ပျော်ရွင်နိုင်ပါစေ ဆုမွန်တောင်းလျှက်……

Wutyee Food House မှ မေတ္တာရပ်ခံချက်

– အရင်က https://getacookrecipe.wordpress.com/ မှာ ဟင်းသစ်တင်တိုင်းသိနိုင်ရန် Email Subscription လုပ်ထားသော ဟင်းချက် မိတ်ဆွေ ညီအစ်ကို၊ မောင်နှမများ ခု Wutyee Food House ၀က်ဆိုက်သစ်ဖြစ်တဲ့ http://wutyeefoodhouse.com/ မှာ Email Subscription ပြောင်းရွှေ့ လုပ်ပေးကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါတယ်။

အားလုံးကို ကျေးဇူး အထူးတင်လျှက်
ဝတ်ရည်

  • Wutyee Food House ၀က်ဆိုက် https://getacookrecipe.wordpress.com/  မှနေ ၀က်ဆိုက် အသစ်ဖြစ်တဲ့ http://www.wutyeefoodhouse.com/ ကိုပြောင်းရွှေ့လိုက်ပါပြီ ဖြစ်တဲ့ အကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
  • ၀က်ဆိုက်သစ်မှာ Premium Recipes တွေအပြင် Features အသစ်တွေ ထပ်ထည့်သွားပါ့မယ်။
  • အရင် https://getacookrecipe.wordpress.com/ မှာ Email Subscription လုပ်ထားသော ဟင်းချက်မိတ်ဆွေများ အားလုံးကိုလည်း http://www.wutyeefoodhouse.com/မှာ Matually ပြောင်းရွှေ့ ပေးသွားမည် ဖြစ်ပါတယ်။
  • ဒါကြောင့် ဘလောက်ကနေ ၀က်ဆိုက် ပြောင်းရွှေ့နေစဉ်အတွင်း ကြည့်ရတာ အဆင်မပြေမူများ ရှိရင် နားလည်ပေးကြပါလို့ အထူးပန်ကြားအပ်ပါတယ်။
  • အရင်ကလိုပဲ Wutyee Food House ၀က်ဆိုက်သစ်ဖြစ်တဲ့ http://www.wutyeefoodhouse.com/ ကိုအားပေးကြပါအုန်းနော်…

စိတ်နှလုံးအစဉ် ချမ်းမြှေ့ပါစေ ဆုတောင်းလျှက်

Wutyee Food House (wutyeefoodhouse.com)

ပြည်ကြီးငါး အချိုကြော်ချက်

အလုပ်သွားရင် ထည့်ပေးဖို့ စဉ်းစားမိတဲ့ ထမင်းဘူးလေးကတော့ ပြည်ကြီးငါးကို ရွှေပဲသီး၊ ၀က်သားပြားတို့နှင့် အချိုကြော်ထားတဲ့ ဟင်းလျာလေးပါ။ ချိုစိမ့်ပြီ ဟမ်အရသာကြောင့်ပါ ပိုမို ထူးခြားကောင်းမွန်ပါတယ်။ လုပ်ရတာလည်း လွယ်လွယ်လေးရယ်…

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး – ၂၄၀ ဂရမ် (ရေစင်အောင်ဆေးပြီ အညှစ်အကြေးများ ဖယ်ထားပါ)
  • ဟမ်(၀က်သားပြား) – ၄ပြား (အတုံးလေးများ လှီးပါ)
  • ရွှေပဲသီး – ၁၅ခု (အညှာလှီးထားပါ)

Continue Reading »

ကြက်ဆီထမင်း

ထိုင်းစတိုင် ကြက်ဆီထမင်းလေးပါ။ ထိုင်းစတိုင် အရသာစစ်စစ်နဲ့ ကြက်ဆီထမင်းက ရန်ကုန်မှာစားနေကျ ကြက်ဆီထမင်းနဲ့တော့ အရသာမတူသာ အမှန်ပါ။ ဒါပေမယ့် စားလို့လည်းကောင်းပြီ လုပ်ရတာလည်း မခက်ပဲ လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ကြက်ဆီထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်…

ကြက်ဆီထမင်း ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား(သို့)ကြက်ပေါင်ရင်သား ♦ ၆၀၀ ဂရမ် (၄ခု)
  • ရိုးရိုးဆန်                                                    ♦ နို့ဆီခွက် ၃ခွက်
  • ဆား                                                            ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲငံပြာရည် အနောက်                                 ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • Continue Reading »

ဝက်နံရိုး အချိုဟင်း

ဒီတစ်ခါတော့ Piggy ထမင်းဘူးလေးပါ။ သားသားမီးမီးတို့ ကြိုက်မယ့် ၀က်နံရိုး အချိုဟင်းလေးရယ်၊ ပြောင်းဖူးကြော်လေး တွဲဖက်ပေးထားပါတယ်။ အချိန်တိုတွင်းမှာပဲ ထမင်းဘူးလေးကို ပြင်နိုင်တာမို့ လုပ်နည်းလေး ကြည့်ရအောင်…

 

ပါဝင်သောပစ္စည်းများ

၁။ ၀က်နံရိုး – ၃၀၀ ဂရမ် (အတုံး ၂”လောက်အရွယ်တုံးပေးပါ)

၂။ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၂ဇွန်း

၃။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၁ဇွန်း

Continue Reading »

ဝက်သားလုံးကြော်

ဇွန်ကျောင်းတွေလည်း ပြန်ဖွင့်တော့မှာမို့ ကလေးတွေ အတွက် အထူးစပယ်ရှယ် ထမင်းဘူး လုပ်နည်းလေးတွေ ရွေးချယ် တင်ဆက်ပေးသွားပါ့မယ်။ ၀က်သားကို ပါမုန့်ခြောက်ရယ်၊ ဂျုံနဲ့ ကပ်ပြီ အကြွပ်ကြော်ထားတဲ့ ၀က်သားလုံးကြော် လေးတွေပါ။ ထို့ပြင် ကျန်းမာရေးနဲ့ ညီမျှအောင် မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ဘိုးစားပဲ တို့ကို ကြော်ထားတာလေး ထည့်သွင်းထားပါတယ်။ ထမင်းကတော့ ကလေးတွေ အကြိုက် Angry Bird ပုံလေးကို ဖော်ထားတာပါ။ ထမင်းဘူးလေး တူတူပြင်ကြရအောင်…

ဝက်သားလုံးကြော် ပါဝင်ပစ္စည်းများ

  • ၀က်သား – ၂၅၀ ဂရမ် (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – တစိတ် (နှုတ်နှုတ်စဉ်းပါ)

Continue Reading »

တူနာ ပန်ကိတ်

ကိုရီးယား ဟင်းရံဖြစ်သော တူနာပန်ကိတ်ကို အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်တာမို့ ကြိုက်နှစ်သက်ကြမှာပါ။ ၀တ်ရည်ကတော့ နေလည်စာအစာပြေ အဖြစ် လုပ်စားဖြစ်တာပါ။ လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။ ကျန်းမာရေးလည်း ညီညွှတ်ပြီ ထမင်းနဲ့ပဲတွဲစား၊ အစာပြေပဲ စားစား ကောင်းမွန်ပါသည်။ တူနာပန်ကိတ် ချက်နည်လေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • တူနာစည်သွပ်ဘူး (tuna can)   ♦ ၂ဗူး
  • ကြက်သွန်နီ (onion)               ♦ ၄ဥ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ (gralic)              ♦ ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Continue Reading »

အီတလီစတိုင် Lasagna ခေါက်ဆွဲ

အီတလီ စတိုင် Lasagna ခေါက်ဆွဲက အရသာအရမ်းကောင်းမွန်ပါတယ်။ ခေါက်ဆွဲအလွှာ ၄လွှာကနေ ၅လွှာထိ ပြုလုပ်ကြပါတယ်။ ခေါက်ဆွဲတထပ်ခင်းပြီတိုင်း အမဲသားဆော့ရယ်၊ ချိစ်ရယ်၊ အထပ်ထပ် ခင်းထားတာမို့ အရသာ အရမ်းကောင်းပေမယ့် ချိစ်ကြောင့် အီတာနဲ့ Lasagna တခုလုံးကုန်အောင် မနည်းအားယူ စားရမှာပါ။ Garfield ကာတွန်းကား ကြည့်ဖူးသူတိုင်း Garfield အကြိုက် Lasagna ခေါက်ဆွဲကို သိကြမှာပါ။ ခုတော့ ၇န်ကုန်မှာလည်း ဆိုင်တွေမှာ Lasagna တစ်ခုကို ၄၈၀၀- ၅၀၀၀ ကျပ်ဖြင့် ၀ယ်ယူနိုင်ပေမယ့် အိမ်မှာ လုပ်စားတာပိုပြီ ဈေးသက်သာပြီ ပိုလည်း စားလို့ကောင်းတာမို့ အားလပ်ရက်တွေမှာ လုပ်စားနိုင်ဖို့ပါ။ ၀တ်ရည်ကတော့ Lasagna ၆ယောက်စာ လုပ်ထားပါတယ်။ လုပ်နည်းလေးကို ကြည့်ရအောင်…

Lasagna တွင် ပါဝင်ပစ္စည်းများ

၁။ Lasagna ခေါက်ဆွဲ- ၁ဗူး (၅၀၀ ဂရမ်)

(Lasagna ခေါက်ဆွဲMartket Place (ဓမ္မစေတီလမ်း CityMart) တွင် ၀ယ်ယူနိုင်ပါသည်)

Continue Reading »

ဂဏန်း မာဆလာဟင်း

ဂဏန်းကို အရသာကောင်းကောင်းနဲ့ စားချင်သူတွေအတွက် ဂဏန် မာဆလာချက်ဟင်း လေးပါ။ ဒီတစ်ခါတော့ တခြား ထိုင်းဟင်းတွေလို အစပ်မပါပဲ အချိုချက်နည်းလေးပါ။ ချက်နည်းကို တူတူကြည့်ရအောင်

ပါဝင်ပစ္စည်းများ

၁။ ဂဏန်း – ၆ကောင် (အခွံဖယ်ပြီ သန့်စင်အောင် လုပ်ထားပါ)

၂။ ကြက်သွန်နီ – ၁ခု (နှုတ်နှုတ်စဉ်းပါ)

၃။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

Continue Reading »

ထိုင်းစတိုင် ငါးဖယ်ကြော်

ထိုင်းဟင်းအနှစ်နဲ့ ငါးဖယ်ကို ရောနုယ်ပြီ ကြော်ထားတဲ့ ငါးဖယ်ကြော်လေးပါ။ ချိုချိုစပ်စပ် အရသာရှိတဲ့ ငါးဖယ်ကြော်က အစားပြေအဖြစ် စားဖို့ရော၊ ထမင်းနဲ့တွဲဖက် စားသုံးဖို့ပါ အလွန် သင့်တော်ပါတယ်။ စားနေကျ ငါးဖယ်ကြော် အရသာနဲ့ မတူပဲ တမူထူးခြားတဲ့ အရသာကိုပါ ရရှိမှာပါ။ ချက်နည်းလေး ကြည့်လိုက်ရအောင်…

ထိုင်းဟင်းအနှစ် အတွက် ပါဝင်ပစ္စည်းများ

၁။ ဇီယာစေ့ – လက်ဖက်ရည်ဇွန်း ၂ဇွန်း (လှောင်ပြီသား)

၂။ နံနံစေ့ – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၃။ ငရုတ်သီးခြောက် – ၄ခု (ရေစိမ်ပြီ နှုတ်နှုတ်စဉ်းပါ)

၎။ သံပရာသီး – ၁လုံး (အရည်ညစ်ထားပါ)

Continue Reading »

ဘဲပေါင်း ဆီချက် ခေါက်ဆွဲ (၄ယောက်စာ)

မနက်စာ၊ နေ့လည်စာ အစာပြေအဖြစ် လုပ်စားနိုင်အောင် ဘဲပေါင်း ဆီချက်ခေါက်ဆွဲလေးပါ။ ဘဲသားကို နူးအိအောင် ၀တ်ရည်ကတော့ အရင်ဆုံး ဆန်ဝိုင်၊ တရုတ်ဟင်းခတ်တွေနဲ့ နုပ်ပြီမှ pressure cooker နဲ့ပေါင်းထားပါတယ်။ ဆီချက်ခေါက်ဆွဲ အအီပြေ ကြက်သွန်နီ၊ ငရုတ်သီးဆော့ချဉ်လေးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ တူတူချက်ကြည့်ရအောင်…

ဘဲပေါင်းတွင် ပါဝင်ပစ္စည်းများ

၁။ ဘဲပေါင်ရင်သား – ၄၀ကျပ်သား (သန့်စင်ပြီးသား)

၂။ တရုတ်မာဆလာ – စားပွဲတင်ဇွန်း တ၀က်

၃။ သကြား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

Continue Reading »

ထိုင်းစတိုင် ကြက်တောင်ပံ အစားသွပ်ကြော်

ကြက်တောင်ပံကို အရိုးထုပ်ပြီ ၀က်သား အစားသွပ်ကာ ကြော်ထားတဲပ ထိုင်းစတိုင် ချက်နည်းလေးပါ။ ကြက်တောင်ပံ အရိုးထုတ်ပုံ အဆင့်ဆင့်ပါ ဖော်ပြပေးထားတာမို့ လုပ်ရလည်း လွယ်မှာပါ။ အချိန်တိုတိုတွင်းမှာပဲ လုပ်စားနိုင်မှာမို့ ချက်နည်းကို ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

၁။ ကြက်တောင်ပံ – ၄ခု

၂။ နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းထားပါ)

၃။ ငရုတ်ကောင်း(အဖြူ) – ၅ခု (မညက်တညက် ထောင်းပေးပါ)

Continue Reading »

သာခွေယိုင်

ဝတ်ရည် အမေလက်ရာ သင်္ကြန်အတက်နေ့ အတွက် သာခွေယိုင်လေးပါ။ ကောက်ညှင်းချိတ်(အမဲ)ရယ် အုန်းနို့ရယ် တွဲစားရတဲ့ မြိတ်ရိုးရာမုန့်လေးပါ။ ချိုစိမ့်နေမို့ စားလို့ အရမ်းကောငးပါတယ်။

ပါဝင်ပစ္စည်းများ

၁။ ကောက်ညှင်းချိတ် (အမဲ) – နို့ဆီဗူး ၃ဗူး

၂။ ဓနိပျား – ၂ခွက်

မှတ်ချက် ။ ။ ဓနိပျားဆိုတာ ထန်းလျက်လိုမျိုးပဲ။ ဒါပေမယ့် မြိတ်မှာတော့ ဓနိရည်နဲ့ လုပ်ထားတဲ့ ထန်းလျက်ကို ဓနိပျားလို့ ခေါ်တာပါ

၃။ သကြား – ၃၀ ကျပ်သား

Continue Reading »

မြန်မာ အတာနှစ်ကူးမှာ စိတ်ဧ။် ချမ်းသာခြင်း၊ ကျန်းမာခြင်း၊ ကိုယ်ဧ။် ချမ်းသာခြင်း၊ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေလို့  Wutyee Food House မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်…

  • သင်္ကြန်တွင်း မုန့်တွေ စိတ်ကြိုက် လုပ်စားနိုင်အောင် ရည်ရွယ်၍ ၀တ်ရည် တင်ပြီသား မုန့်လုပ်နည်းများကို ပြန်လည်း ဝေမျှပေးလိုက်ပါတယ်။ သင်္ကြန်တွင်းမှာလည်း မုန့်လုပ်နည်းသစ်များကို တင်ဆက်ပေးသွားမှာပါ။
  • ထို့ပြင် ဟင်းချက်ပြုတ်ရာမှာ လွယ်ကူစေရန်  မြန်မာ၊ အင်္ဂလိပ် (ဟင်းသီးဟင်းရွက် အခေါ်အဝေါ်) နှင့် (ရေသတ္တ၀ါ အခေါ်အဝေါ်)အခေါ်အဝေါ်များကိုလည်း ထပ်ဖြည့်စွက်ပေးထားပါတယ်။

Continue Reading »

သင်္ကြန် အတွက် ရွှေရင်အေး

သင်္ကြန်တွင်းလုပ်စားနိုင်ဖို့ နှစ်သစ်ကူး အထိမ်းမှတ်လေးနဲ့ ရွှေရင်အေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရွှေရင်အေးမှာက သာကူ၊ မုန့်လက်ဆောင်း၊ ကျောက်ကျော အပြင် ကောက်ညှင်းပေါင်း၊ ပါမုန့်တို့ စုံလင်စွာ ပါဝင်ပါတယ်။ အုန်းနို့လေးနဲ့လေးမို့ ချိုစိမ့်တဲ့ အရသာလေးကို ရရှိမှာပါ။ လုပ်နည်းလေးကို ကြည့်ရအောင်…

–      ရွှေရင်အေး မလုပ်ခင် ကျောက်ကျော အရင်လုပ်ကြရအောင်

ကျောက်ကျောတွင် ပါဝင်သော ပစ္စည်းများ

၁။ ဂါးဂါး ကျောက်ကျော – ၁ထုပ် (အထုပ်သေး)

၂။ သကြား – ၂၅ကျပ်သား

၃။ အုန်းနို့(Coconut Cream) – ဘူးကြီး တ၀က်

Continue Reading »

နာနတ်သီး ထမင်းကြော်

ထိုင်းစတိုင် နာနတ်သီး ထမင်းကြော်လေးပါ။ နာနတ်သီးရဲ့ အချိုအရသာနဲ့ ကြက်သား၊ ပုဇွန်ရဲ့ အရသာပေါင်းစပ်မှုကြောင့် အလွန်စားလို့ကောင်းပါတယ်။ စားချင်စဖွယ်လည်း ကောင်းပြီ လုပ်ရတာလည်း လွယ်တာမို့၊ လုပ်နည်းကို ကြည့်လိုက်ရအောင်…

ပါဝင်ပစ္စည်းများ

၁။ ချက်ပြီသား ထမင်း – ၃ယောက်စာ

၂။ နာနတ်သီး – ၁လုံး (မှည့်ရမည်)

၃။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အတုံးသေးလေးများ တုံးပါ)

၎။ ပုဇွန် ဘော်ကျိဒ် – ၁၀ကျပ်သား ( အခွံနွှာပြီ အတုံးသေးများ တုံးပါ)

Continue Reading »

ကြက်သား ဒန်ပေါက် (၈ယောက်စာ)

မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။ ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။ မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့ ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံးဝ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။ ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်…

ဒန်ပေါက်တွင် ပါဝင်ပစ္စည်းများ

  • ဒန်ပေါက်ဆန် (basmati rice)            ♦ နို့ဆီဘူး ၄လုံး (CityMart တွင် ၀ယ်ယူနိုင်သည်)
  • ဇီယာစေ့                          ♦ စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
  • သီဟိုစေ့                          ♦ စားပွဲတင်ဇွန်း ၂ဇွန်းစာ
  • Saffron                          ♦ စားပွဲတင်ဇွန်း ၃ဇွန်း

Continue Reading »

ပသျှူးသာကူ

မြန်မာ နှစ်ကူး သင်္ကြန်အခါ နီးလာပြီမို့။ သင်္ကြန်တွင်း လုပ်စားနိုင်ဖို့ ရည်ရွယ်ပြီ သင်္ကြန်မုန့်လုပ်နည်းတွေကို အထူးတင်ဆက်ပေးသွားပါ့မယ်။ အရင်နှစ်က တင်ဆက်ပြီသား သင်္ကြန်မုန့်လုပ်နည်းတွေကိုလည်း ပိုမိုလွယ်ကူပြီ စားလို့ကောင်းတဲ့နည်းတွေနဲ့ ပြန်အသစ် မိတ်ဆက်ပေးသွားပါ့မယ်။ သင်္ကြန်တွင်း သင်္ကြန် မုန့်တွေလုပ်စားရင်း စိတ်ဧ။် ကျန်းမာခြင်း၊ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ Wutyee Food House မှ ဆုတောင်းပေးလိုက်ပါတယ်…

ဒါကေတော့ ပသျှူးသာကူးလေးပါ။ ပသျှူးသာကူက ရိုးရိုးသာကူလိုပဲ လုပ်ရတာပါ။ တချို့က ကန်စွန်းဥကိုပြုတ်ပြီ ထည့်တဲ့အတွက် ပိုပြီ ချိုပြီ စားလို့ကောင်းပါတယ်။ ၀တ်ရည်ကတော့ ကန်စွန်းဥအစား အာလူးကို ပြုတ်ပြီ ထည့်ထားပါတယ်။ ပသျှူးသာကူရဲ့ ထူးခြားချက်က ရိုးရိုးသာကူထက် ပိုချိုတဲ့ အရသာကို ရရှိမှာပါ။ လုပ်နည်းလေးကို တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

၁။ သာကူစေ့ – ၄၀၀ ဂရမ် (သာကူ အစိမ်းရောင်ထုပ်)

Continue Reading »

ဘဲသား ကော်ရည်ခေါက်ဆွဲ (၁၀ယောက်စာ)

ဒါကတော့ ဘဲသား ကော်ရည်ခေါက်ဆွဲလေးပါ။ အရင်က ၀တ်ရည် အဒေါ်ချက်တဲ့ ဘဲသား ကော်ရည်ခေါက်ဆွဲက အရမ်းကောင်းလို့ နံမည်ကြီးပဲ။ ဒါကြောင့် ခုအဒေါ်ဆီက ချက်နည်းတောင်းပြီ ၀တ်ရည် ကိုယ်တိုင် ချက်ထားတာပါ။ လုပ်ပုံအဆင့်ဆင့်လည်း သေချာရေးပေးထားပါတယ်။ နွေရာသီ အားလပ်ရက်များ မိသားစုနဲ့တူတူ လုပ်စားနိုင်အောင်ပါ။ ချက်နည်းကို ကြည့်ရအောင်…

ဘဲကော်ရည်အတွက် ပါဝင်ပစ္စည်းများ

  • ဘဲသား – တခြမ်း (အထဲမှ ကလီစာများကို သန့်စင်ပြီသား)
  • မှိုခြောက် – ရခု (ရေနွေးဖြင့်ပြုတ် ထားပေးပြီ အရှည်လှီးထားပါ)
  • ပဲလိပ် – ၅ကျပ်သား (လက်မအရွယ်လေးများ ပိုင်းထားကာ ရေစိမ်ထားပေးပါ)
  • ပန်းခြောက် – ၅ကျပ်သား (ရေစိမ်ထားပေးပါ) Continue Reading »

ကူဖီ မလိုင် (Kulfi)

ပူနွေးတဲ့ ရာသီမှာ အမောပြေ ကူဖီမလိုင် လေးအိမ်မှာပါ လုပ်စားနိုင်အောင်ပါ။ အိန္ဒိယ ရေခဲချောင်းဖြစ်တဲ့ ကူဖီမလိုင်မှာ ရေခဲမုန့်လို ခရင်(မ်)၊ ကြက်ဥတို့ မပါဝင်ပါဘူး။  ကူဖီမလိုင် လုပ်ရာမှ ပျစ်သွားအောင် ခရင်(မ်) မထည့်ပဲ ဆန်မှုန့်ကို ထည့်ထားပါတယ်။ ရန်ကုန်မှာ စားနေကျ ကူဖီမလိုင်နဲ့တော့ အရသာသိပ်မတူပါဘူး။ ဘာကြောင့်လည်း ဆိုရင် ရန်ကုန်မှာ ၀ယ်စားနိုင်တဲ့ ကူဖီမလိုင်အများစုက နို့ဆီနဲ့ လုပ်ထားလို့ပါ။ ၀တ်ရည် ခုလုပ်တဲ့ အိန္ဒိယစတိုင် စစ်စစ် ကူဖီမလိုင်က နွားနို့ရယ်၊ သကြားရယ်၊ ဖာလာအနံ့လေးနဲ့လုပ်တာမို့ ချိုစိမ့်ပြီ အိန္ဒိယရနံပလေးပါ သင်းစေပါတယ်။ ဒါပေမယ့် လုပ်တဲ့အခါ အချိန်တော့ ပေးပြီ လုပ်ဖို့ လိုအပ်ပါတယ်။ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

၁။ နွားနို့ (full fat milk) – ၁ လီတာ

၂။ သီဟိုဌ်စေ့ (သို့)  ဗန်ဒါသီး – စားပွဲတင်ဇွန်း ၃ဇွန်းစာ (မညက်တညက် ထောင်းထားပေးပါ)

၃။ ဆန်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

Continue Reading »

ငါးပုတ်ခြောက် ထမင်းကြော် (၂ယောက်စာ)

ပါဝင်ပစ္စည်းများ

၁။ ချက်ပြီသား ဆန် – နို့ဆီဗူး ၁လုံး (အနည်းငယ် မွထားပေးပါ)

၂။ ငါးပုတ်ခြောက် – ၂လက်မအရွယ်

၃။ မုန်လာဥနီ – ၁ခု (အတုံးသေးများ တုံးပေးထားပါ)

၎။ ဘိုစားပဲ – ရခု ( အတုံးသေးများ လှီးပေးပါ)

၅။ ပြောင်းဖူးသေး – ၅ခု ( အတုံးသေးများ တုံးပေးပါ)

Continue Reading »

ဂေါ်ဖီ ကြော်

ခရီးရက်ရှည် သွားနေတာနဲ့ ဟင်းသစ် မတင်ဖြစ်တာတောင် ကြာသွားပြီ။

ဒါကတော့ အိန္ဒိယစတိုင် ဂေါ်ဖီကြော်လေးပါ။ အမြင်သာ သိပ်မလှတာရယ် စားလို့တော့ အရမ်းကောင်းပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်ကူပြီ အချိန်တိုအတွင်းမှာပဲ ချက်စားနိုင်ပါတယ်။ နေ့လည်စာ၊ အစာပြေ အတွက် စားမယ်ဆိုလည်း အဆင်ပြေပါတယ်။ ချက်တဲ့အခါ Roast လုပ်ထားတဲ့ မြေပဲ အစား ရိုးရိုးမြေပဲနဲ့ ကြော်တာက ပိုမိုကောင်းမွန်ပါတယ်။ ထို့ပြင် ပျဉ်တော်သိမ်း၊ ငရုတ်သီးခြောက် လှော်ထားမို့ အနံ့ကတော့ အလွန် သင်းပျံ့နေပါတယ်။ တူတူချက်ကြည့် ရအောင်…

 

ပါဝင်ပစ္စည်းများ

  • ဂေါ်ဖီ (cabbage)                             ♦ တ၀က် ( အရှည်လေးများ လှီးထားပါ)
  • ဟင်းရွက်ဆီ (vegetable oil)                ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • မုန်ညှင်းစေ့ (mustard seeds)              ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်သီးခြောက် (dried red chillies)     ♦ ၂ခု

Continue Reading »

Tandoori ကြက်သားကင်

အိန္ဒိယစတိုင် ကြက်ကင်တွေထဲမှာ နံမည်ကြီးတဲ့ Tandoori ကြက်သားကင်လေးပါ။ Tandoori ကြက်ကင်ဆိုတာနဲ့ အရသာကောင်းတဲ့ ကြက်ကင်ဆိုတာကိုတော့ လူသိများပါတယ်။ သူမှာ ပါဝင်တဲ့ ဟင်းချက်ပစ္စည်းတွေနှင့် ဒိန်ချဉ်နှင့် ၁ညခန့်သိပ်ထားတာမို့ ကြက်သားရဲ့ နူးညံ့မှုက ပြောဖွယ်ရာ မရှိပါဘူး။ ဂစ်ကင်ပြားနဲ့ ကင်နိုင်သလို၊ Grill Oven နဲ့လည်း အလွယ်တကူ ကင်စားနိုင်ပါတယ်။ ဟင်းတွေပဲ စားနေရမှာ ငြီးငွေ့နေရင်တော့ ဒီအကင်လေးကို စမ်းကြည့်ဖို့ အကြံပေးလိုက်ပါရစေ။ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်သား ရင်ဗုံနှင့် ပေါင်သား (chicken)      ♦ ၂ခု
  • ဆား (salt)                                                        ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ခနော ကြက်သားမှုန့် (chicken powder)     ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • သံပရာသီး (lime)                                             ♦ ၁လုံး
  • ဒိန်ချဉ် (yoghurt)                                            ♦ ၁ခွက်ခွဲ (နို့ဆီဗူး)

Continue Reading »

ဝက်သား တောက်တောက်ကြော်

တရုတ်စားသောက်ဆိုင်တိုင်း လိုလိုမှာ မှာယူစားသာက်နိုင်သော ၀က်သား တောက်တောက်ကြော်ကို အိမ်မှာ ကိုယ်တိုင် ချက်စားကြည့်ကြရအောင်။

ဝက်သားပြားတွင် ပါဝင်သော ပစ္စည်းများ

၁။ ၀က်သား (အဆီမပါ) – ၂၀ကျပ်သား (နှုတ်နှုတ်စင်းပါ)

၂။ ကြက်သွန်ဖြူ – ၃ခု (နှုတ်နှုတ်ဆင်းပါ)

၃။ ဘဲဥ – ၁လုံး (ခလောက်ပါ)

၎။ ပဲငံပြာရည်(အနောက်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း

Continue Reading »

ကမာကင်

ကမာကင်

ပင်လယ်စာချစ်သူများအတွက် ကမာကို ကြော်တဲ့နည်းမဟုတ်ပဲ၊ ထူးထူးခြားခြား ကင်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်ကတော့ ၀တ်ရည် အမြဲလိုလို ကမာကို ကြောပြီပဲစားဖြစ်တယ်။ ကင်တာကို ၀ိုင်နဲ့နုပ်ပြီမှ ကင်တာမို့ ပိုပြီ အရသာကောင်းတာ တွေ့ရလို့ ချက်နည်းလေးပါ မျှဝေပေးလိုက်ပါတယ်နော်..

ပါဝင်ပစ္စည်းများ

၁။ ကမာ – ၁၂ကောင် (၉၀၀ ဂရမ်) (ကမာကို မင်းလမ်းမှာ ရနိုင်သလို၊ တချို့ SuperMarket တွေမှာလည်း ၀ယ်ယူနိုင်ပါတယ်)

၂။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)

၃။ ကြက်သွန်မြိတ် – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)

၎။ ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)

Continue Reading »

ထမင်းပေါင်း (၃ယာက်စာ)

ပါဝင်သောပစ္စည်းများ

၁။ ချက်ပြီးသားထမင်း (ဆန်၁လုံး)

၂။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အပါး စောင်းလှီးပါ)

၃။ ကြက်အသဲမြစ် – ၂စုံ (အပါး စောင်းလှီးပါ) (optional)

Continue Reading »

ကြက်သားကင် ဆလတ်သုတ်

ဒါကတော့ ထိုင်းစတိုင် ကြက်သားကင် ဆလတ်သုတ်လေးပါ။ ကြက်ရင်ဗုံသားကို ကင်ပြီမှ ထိုင်းစတိုင် ခရမ်းချဉ်သီး၊ ငရုတ်သီး၊ သံပရာရည်၊ ငရုတ်သီးမှုန့်လေးနှင့် ရောစားရတာပါ။ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

၁။ ကြက်ရင်ဗုံသား – ၂ခု (တကိုက်စာ အတုံးလေးများ တုံးထားပေးပါ)

၂။ မကျည်းရည် – စားပွဲတင်ဇွန်း ၃ဇွန်း

၃။ ဂျင်း – လက်တဆစ် (နှုတ်နှုတ်စဉ်းပါ)

၎။ ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ

Continue Reading »

နှင်းဆီ ပုဇွန်

ဟိုတယ်စတိုင် နှင်းဆီ ပုဇွန်ကို စားသုံးသူတိုင်း နှစ်သက်ကြ ပါလိမ့်မည်။ တရုတ်စတိုင် ဟင်းလျာတစ်ခု ဖြစ်ပါတယ်… စားသုံးသွားကြပါအုန်းရှင်

ပါဝင်သော ပစ္စည်းများ

၁။ ပုဇွန်တုတ် – ၃၀ကျပ်သား (အခွံမခွာပါနှင့်)

၂။ ပန်းကော်ဖီပွင့် (သို့) broccoli – တစိပ် (အတုံးလေးများ လှီးပါ)

၃။ mustard – စားပွဲတင်ဇွန်း တ၀က် (CityMart ဆိုင်တွင် ၀ယ်ယူနိုင်ပါသည်)

Continue Reading »

ဘဲသားအချိုကြော်


ဘဲသားအချိုကြော်ကို ဒီနေ့ ညနေစာအဖြစ်လုပ်စားဖြစ်တာနဲ့ တင်လိုက်တာ… အိမ်သားတွေတော့ တော်တော်ကြိုက်ကြတယ်။ ပြင်ဆင်ထားတာ လေးကလည်း စားချင်စဖွယ်လေး၊ ငရုတ်ကောင်းနံလေးကလည်း မွှေးနေတာမို့ မစားသေးခင်ကပင် စားချင်နေမယ့် ဘဲသား အချိုကြော်ကို သုံးဆောင်သွားကြပါအုန်းနော်….

ပါဝင်သောပစ္စည်းများ

၁။ ဘဲ – ၃၀ကျပ်သား (တခြမ်း)

၂။ ငရုတ်ကောင်း – စားပွဲတင်ဇွန်း တ၀က် (ထောင်းပါ)

၃။ ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း တ၀က်

Continue Reading »

ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)

မုန့်ဟင်းခါးကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အလွန်မှ ကြိုက်နှစ်သက်ကြပါတယ်။ မုန့်ဟင်းခါးကို ဆိုင်တွေမှာ ၀ယ်စားတာများပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်စားချင်သူများအတွက် အထူးရည်ရွယ်ထားပါတယ်။ မုန့်ဟင်းခါးထဲမှာမှ အိုးဘဲဥ မုန့်ဟင်းခါးမှ ၀တ်ရည်က ကြိုက်တာ။ ဒါပေမယ့် ၀တ်ရည် အရင်က မုန့်ဟင်းခါး တစ်ခါမှ ကိုယ်တိုင်မချက်ဖူးဘူး၊ အဒေါ်တို့၊ အမေတို့ ချက်တာတွေပဲ ကပ်စားနေတာ။ ဒီနေ့တော့ ကိုယ်တိုင် ချက်စားချင်တယ်၊ မြန်မာရိုးရာဓလေ့ဖြစ်တဲ့ မုန့်ဟင်းခါးတောင် မချက်ဖူးရင် မကောင်းဖူးရယ်လို့ တွေးမိတယ်။ ဒါကြောင့် စချက်တဲ့အနေနဲ့ မုန့်ဟင်းခါး ၁ပိသာစာ တအိမ်သားလုံး စားလို့ရအောင် ချက်ဖြစ်သွားတယ်။ အဒေါ်ပေးတဲ့နည်းအတိုင်း ချက်လိုက်တဲ့ အရသာက တကယ်ဂွတ်ရှယ်ပဲ၊ အိမ်သားတွေလည်း အရမ်းအားပေးကြတယ်။ ဒါကြောင့် ချက်နည်း အဆင့်ဆင့်ကို ပုံနှင့်တကွ ဖော်ထားထားပေးလိုက်ပါတယ်…

ရန်ကုန် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ

၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာ

၂။ ငါးခူး – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)

Continue Reading »