ဝက်သားတုတ်ထိုး
ပါဝင်သောပစ္စည်းများ
၁။ ကိုယ်ကြိုက်နှစ်သက်ရာ ၀က်အစုံ (၀က်အူမ၊ ၀က်နားရွက်၊ ၀က်အရွတ်၊ ၀က်ကလီစာ၊ ၀က်အသဲ၊ ၀က်အူ၊ ၀က်သား) – ၁ပိသာ
၂။ ခရုဆီ – စားပွဲတင်ဇွန်း ၅ဇွန်း
၃။ ပျားရည် – စားပွဲတင်ဇွန်း ၁၀ဇွန်း
၎။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၅ဇွန်း
၅။ ရှာလကာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
၆။ နတ်နတ်ပွင့် – ၇ခု
၇။ သစ်ဂျပိုး – ၄ခု
၈။ ကလဝေရွက် – ၆ခု
၉။ နတ်မတ် (nutmeg) – ၂ခု (ခြစ်ထည့်ပေးပါ)
ချက်ပြုတ်နည်း
၁။ ၀က်အစုံ များကို အတုံးကြီးကြီး တုံးပါ။
၂။ ပြီးလျှင် ၀က်အစုံအားလုံးကို ( ဆား(လက်ဖက်ရည်ဇွန်း ၁၀ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၇ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပျားရည်၊ ရှာလကာရည်၊ နတ်နတ်ပွင့်၊ သစ်ဂျပိုး၊ ကလဝေရွက်၊ နတ်မတ် ) ထည့်ရောနုယ်ပေးပြီး ၃နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။
၃။ မချက်ခင် ရေခဲသေတ္တာထဲမှ နာရီဝက်ခန့် ကြိုထုတ်ထားပါ။
၎။ ပြီးမှ ဒယ်အိုးကြီးထဲ ဆီ(စားပွဲတင်ဇွန်း ၅ဇွန်း) ထည့် နုယ်ထားသော ၀က်အစုံကို ထည့်မွှေပေးပါ။
၎။ ဆီပြန်လျှင် ရေကို ၀က်အစုံမြုပ်သည်အထိထည့် မီးပြင်းပြင်းဖြင့်တည်ထားပေးပါ။ ရေခန်းပြီး ဆီပြန်လာလျှင် ၅ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်ပေးပါ။
၅။ ၀က်အစုံနူးအိလာပြီး ဆီပြန်လာပြီးဆိုလျှင် ဆော့ရည်အနည်းငယ်ချန်၍ မီးပိတ်လိုက်ပါ။
၆။ ထို့နောက် ၀က်အစုံကို ပါးပါးလှီးပြီး တုတ်ထိုးပြီး ရလာသော ဆော့ရည်နှင့်လည်း တွဲဖက်စားနိုင်ပါသည်။
(သို့)
၇။ ၀က်အစုံကို ပါးပါးလှီးပြီး ပန်းကန်ပြားကြီးကြီးပေါ်တွင် စီထည့်လိုက်ပါ။ ပြီးမှ ၀က်အစုံမှ ဆော့ရည်များကို လောင်းချလိုက်ပါ။
၈။ ကိုယ်အိမ်တွင် အလွယ်တကူလုပ်စားနိုင်မည့် ၀က်သားတုတ်ထိုးရရှိပါသည်။ ၀က်သားတုတ်ထိုးကို ငရုတ်သီးဆော့နှင့်တွဲဖက်စားနိုင်ပါသည်။
ဟင်းအကြောင်း
-၀က်သားတုတ်ထိုးကို အားလုံးလိုလိုကြိုက်နှစ်သက်ကြပါတယ်။ ၀တ်ရည်ကိုယ်တိုင်လည်း အလွန်ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့် အများစုက အပြင်ကပဲ ၀ယ်စားလေ့ရှိကြတယ်။ အိမ်မှာလည်း ၀က်သားတုတ်ထိုး လုပ်စားနိုင်ရန် ရည်ရွယ်ပြီးတင်ဖြစ်သွားတာပါ။
wow eat chin tal……ku 😦 miss the food….
ကိုယ်အိမ်မှာ ချက်စားလို့ရအောင် ရေးပေးထားတာ….
ဝက်သားဒုတ်ထိုးကို အရမ်းသဘောကျတယ် ညီမရေ အဆောင်မှာလုပ်စားမယ်
စားချင်လိုက်တာဗျာ။။။ ဟီး…အဲဒါနဲ့ ပျက်နေတာ နှစ်နဲ့ချီ ပြီးကြာနေပြီး … ခုတော့ လာသွားရည်ကျသွားပါတယ်။း)
လုပ်စားကြည့်ပါလား လွယ်ပါတယ်.. ပါဝင်တချို့ပစ္စည်းတွေ အိန္ဒိယဆိုင်တွေမှာ ရောင်းပါတယ်။
wow. wat tar dot thoo ta char mah ma sar buu puu
look yummy!
ဝတ်ရည် ကျေးဇူး … ဒီနည်းသိချင်နေတာ ကြာဘီ။
ရှလွှတ် .. ကြိုပြီးတောင် သွားရည်ယိုလာဘီ။
ရေးထားတာ ရှင်းရှင်းလေးနဲ့ မှတ်မိလွယ်တယ်။
Cheers!
ကိုဇေယျာ ၀က်သားတုတ်ထိုးချက်နည်းက လွယ်ပါတယ်.. ၀တ်ရည်လည်း မသိခင်တုန်းက ခက်တယ် ထင်နေတာ။ Christmas ၀က်သားတုတ်ထိုး အဲနည်းတိုင်း လုပ်စားသေးတယ်၊ တော်တော်ကောင်းတယ်….
ဒီနေ့ ချက်စားလိုက်တယ်ဗျို့ …
ပါဝင်ပစ္စည်းနဲနဲမစုံတာရယ် .. အဆင့်တစ်ချို့ ကျော်သွားတာရယ် ရှိပေမယ့်၊ အတော် နီးစပ်တဲ့အရသာရတယ်။ နောက်ကျ သူငယ်ချင်းတွေကို လုပ်ကျွေးရဦးမယ်
Thanks again!
ကိုဇေယျာခုလို ချက်လို့ ကျေးဇူးပဲနော်….. 🙂
ဒီနည်းနဲ့  လုပ်စားကြည့်ဦးမယ်
ညီမရေ ~ နတ်မတ် (nutmeg) က ဘယ်လိုဟာလဲဟင်?
တုတ်ထိုးနဲ့  စားတဲ့ အချဉ်ရော ဘယ်လိုဖျော်ရင် ကောင်းလဲဟင်?
မခိုင်ရေ ၀က်သားတုတ်ထိုး စမ်းလုပ်ကြည့်ပြီးရင် ပြန်ပြောပြပါအုန်းနော်…
နတ်မတ်ကို ဘယ်လို ရှင်းပြရမလဲ ဆိုတော့ နတ်မတ်က ချောကလက် စားရင်ပါတဲ့ မြေပဲ အကြီးလိုပုံစံမျိုးပဲ.. သူကို ခြစ်တံနဲ့ ခြစ်ထည့်ရတာ၊ ဟင်းခတ်အမွှေးအကြိုင် ရောင်းတဲ့ ကုန်စုံဆိုင်တွေမှာ ၀ယ်လို့ရတယ် မခိုင်။
ဝက်သားတုတ်ထိုး ဆော့အချဉ်ရည်ဖျော်နည်းကတော့ ရိုးရိုး ဆော့ကို ထန်းညက်အမဲနည်းနည်းထည့် ကျိုပြီး၊ ဆားအနည်းငယ်ထည့်ပါ။ ပြီးလျှင် အရသာ အပေါ့၊ အငံမြည်းလိုက်ရုံပဲ…
Thanks alot.
😉 Thanks you too
nutmeg က ဗမာလို ဇာလိပ်ဖုသီး လို.ခေါ်တယ်စာလုံးရှာမတွေ.လို. ရေးတတ်သလို ရေးသွားတယ်နော်
ကျေးဇူးပဲနော် မမြတ်လေးပန်း..း)
nutmeg က ဗမာလို ဇာလိပ်ဖိုသီး လို.ခေါ်တယ်စာလုံးရှာမတွေ.လို. ရေးတတ်သလို ရေးသွားတယ်နော်
ဝက်သားတုတ်ထိုး ဝတ်ရည်နည်းနဲ. လုပ်စားဖြစ်ပါတယ် ..
ဒီတခါ တော်တော် အဆင်ပြေတယ်လို့  ထင်တာပဲ .. အရသာရော အရောင်ရော ..
nutmeg က အမှုန့် လုပ်ပြီးသားရတယ် .. နတ်နတ်ပွင့် တခုပဲ မရလို့  မထည့်လိုက်ရဘူး .. အိမ်ရှင်မလက်ရာမှာ ဓါတ်ပုံတင်လိုက်မယ်နော် ..
ကျေးဇူးနော် ညီမလေး
တင်လိုက်ပါနော် မခိုင်၊ ၀တ်ရည်လည်း မြည်းချင်လို့ပါ.. ခုလို ချက်စားလို့ မခိုင်ကို အရမ်းလည်း ကျေးဇူးတင်ပါတယ် 😉
Hi, Nice to meet you, Ma With Yee. Sorry for if i wrong my spelling to your name. I am looking forward for your new post. Thank you for your sharing.
Ma chowutyee,
I pray to you cook many much more curry .
I m also really nice to meet Shwe Zin.. Thanks you so so much… 😉
wutyee,,yay..thanks alot 4 this post par naw.
့hee No problem Thant… 😉
wutyee yay,yesterday i cooked wat tar dot thoo by ur recipe i add ginger, garlic ,, not so bad la, truly thank u so much becoz last time i didn’t kn need 2 put honey but after i read ur post i cooked it very nice…..
thx again par naw…
Hee 🙂
ကျေးဇူးပဲမ၀တ်ရည်ရေ။ ငယ်လားကြီးလားတော့ မသိဘူး။
လေးစားသမှူနဲ့ မ တပ်ခေါ်လိုက်ပါတယ်။
ကျွန်တော်လုပ်စားတာ တော်တော်ကြာပြီ။ လုပ်တိုင်းလဲ တခုမှမဟုတ် တခုက လိုနေတာပဲ။ ဒီလိုနည်းစနစ်မမှန်တော့ သိမဂွတ်ဘူးဗျ။
ဒီတစ်ခေါက် သင်္ကြန်တွင်း ကျောင်းပိတ်ရက်မှာ လုပ်ကြည့်လိုက်အုံးမယ်။
လုပ်စားကြည့်ပါနော် ကိုသားကြီး.. ၀တ်ရည်က ခုဇွန်မှာ ၂၅နှစ်ပြည့်မှာပါ။ 🙂
၁ နှစ်ထဲပဲပေါ့။ ကျွန်တော်ကတော့ နိုဝင်ဘာ ၇ ရက်နေ့ကျမှ ပြည့်မှာ။
ညီမလေးဝတ်ရည်ရေ..အမအိမ်ရှင်မလက်ရာကတဆင့်ညီမလေးကိုသိတာ..
ညီမလေးချက်နည်းအတိုင်းလုပ်စားကြည့်ဦးမယ်.
လုပ်စားကြည့်ပါနော် မယမင်း.. 😉
အင်း..ကြည့်တာနဲ့တင်သွားရေကျလာပြီ…..ဒီတပတ်စမ်းကြည့်လိုက်အုံးမယ်..ကျေးဇူးဘဲနော်…ညီမလေး…
ဟုတ်ကဲ့ပါ မလေး၊ ချက်စားကြည့်ပါနော်..
thanks you par..
You r so welcome! 🙂
ဝတ်ရည်ရေ ..သိချင်တာလေးတခုရှိလို့ …
ဝက်သားတုတ်ထိုးလုပ်ဖို့ ၀က်ကလီစာတွေက သန့်စင်ပြီးသားမှ လုပ်ရတာလား .. မသန့်သေးတာတွေကော ဘယ်လိုသန့်အောင် လုပ်ရသလဲ ဟင် ?..
နှင်းအိရေ… ၀က်ကလီစာကို သန့်စင်အောင် လုပ်ပြီးမှ ချက်ရတာပါ။ ၀က်ကလီစာမှာပါတဲ့ နားရွက်ဆိုရင် အမွှေးစင်အောင် ခြစ်ပေးရပါမယ်.. အူတို့၊ အူမတွေကိုလည်း ချီးတွေကို ရေနဲ့ အားလုံး သန့်အောင်ထိ ဆေးပေးရပါမယ်။ သန့်စင်သွားပြီဆိုမှ ဟင်းစချက်ရမှာပါ.. 😉
ဝတ်ရည်ရေ….အူချိုနဲ.အူခါးကတူတော့မှားချက်လိုက်တာတအိုးလုံးခါးသွားတယ်..ညီ်ီိမရေ…..ဘယ်လိုခွဲလဲ….ပြောပြပါအုံး…..
မဇာခြည်၊ အူချိုလို့ ဈေးမှာ ပြောဝယ်လို့လည်း ရပါတယ်… အူချိုက အသေး၊ အူမက အကြီးပါ။ အူမက သေချာ မဆေးရင် ခါးပါတယ်။
– အူမကို ထုံးရည်နဲ့ ဆေးလို့လည်း ရတယ်။
– နောက်တစ်နည်းအနေနဲ့ အူမကို ရေနဲ့ စင်အောင်ဆေးပြီ အထဲက ပါတာတွေ အားလုံး ဆေးပစ်ရပါမယ်။ ပြီးမှ ရေနွေးနဲ့ ဆေးပစ်လည်း ရပါတယ်။
– ထပ်ချက်ကြည့်ပါအုန်းနော်။ အဆင်မပြေတာ ရှိရင်လည်း ပြောပါ.. 🙂
Wut Yee,
I tried this recipe and it was really nice.
Thank you.
Nai ကိုလည်း ကျေးဇူးပါ…. 🙂
ဝတ်ရည်ရေ နတ်မက်ကို ဘယ်လိုဝယ်ရမလဲ ပစ္စည်းမစုံသေးလို့ လုပ်မစားရသေးဘူး။ မြန်မာဆိုင်တို့ ထိုင်းဆိုင်တို့မှာရောင်းလားမသိဘူးနော်။
san san ရေ နတ်မက်ကို မြန်မာဆိုင်ထက် အိန္ဒိယ ကုန်စုံဆိုင်မှာ ပိုရနို်င်လောက်တယ်…. 🙂
ma wutyee ,if u don’t mind what is look like နတ်မက် ? pls next time when u cook , pls make the pic of နတ်မက် .thank u par
Ma Mie ရေ ၀တ်ရည် နောက်တစ်ခါ လုပ်စားရင် သေချာ ဓာတ်ပုံရိုက်ပြီ တင်ပေးလိုက်ပါ့မယ်…
“ဝက်သားတုတ်ထိုးအလွယ်ဆုံးနဲအရသာအတူးဆုံးနည်း စမ်းကြည့်နိုင်ပါတယ်”
သကြားကိုနီလာအောင်ဆီသတ် နီလာတာနဲ့ နတ်နတ်ပွင့်(ကြယ်)နဲ့ သစ်ဂျပိုး (တုတ်) နဲနဲဆီထည့်ပြီး အနံရလာတဲ့အထိထား (အကြာကြီးထားရင်တူးသွားမယ်) ပြီးရင်ဆားအချိုမှုန့်ပဲငံပြာရည်အပြစ်နယ်ထားတဲ့ ဝက်နဲ့ဝက်ကလီစာအစုံထည့် နဲနဲဆီသတ်ရေမြုတ်အောင်ထည့်ပြီးပေါင်းအိုးနဲ့ချက်လိုက် နှုးရင် plainကြာဇံကြော်နဲ့ ဝက်သားတုတ်ထိုးကော အရည်လေးပါစမ်းစား ၃၈လမ်းဈေးကနာမည်ကြီးလမ်းဘေးကဆိုင်အတိုင်းဘဲ အရသာပါတူတယ်
ချက်နည်းလေးအတွက် ကျေးဇူးပါ နှင်းရေ.. 🙂
အမွှေးအကြိုင်တွေကတော့ ၀ယ်လို့ရတယ်… ၀က်သားက အဲဒီလောက် အမည်စုံအောင် ဘယ်မှာဝယ်လို့ရမှာလဲ… ဒီက Ohio မှာနေတာ..
မ၀တ်ရည် ညီမဧည့်သည်အသစ်ပါ ညီမကမြန်မာဆိုင်လေးဖွင့်ထားတာပါ ဆိုင်လာတဲ့သူတွေက၀က်သားတုတ်ထိုးလွမ်းနေကြတာပါ ခက်တာကတစ်ယောက်နှစ်ယောက်စာကိုမြန်မြန်နဲ့ချက်ပြီင်္းဖို့ကမလွယ်ဘူးလေ အသားတွေကလည်းခဲနေတာဆိုတော့ အကြံကောင်းရှိရင်ပေးပါအုံးနော် သူတို့စားချင်တာကိုဖြည့်စည်းပေးချင်တယ် အချိန်မြန်မြန်နဲ့ချက်လို့ရရင်ကောင်းမှာပဲ ခုလိုတင်ပေးတာကျေးဇူးတင်တယ်နော်
ဝင်းကေသီရေ ၀က်သားဒုတ်ထိုးကို မြန်မြန်နဲ့ ချက်လို့ရအောင် ၀တ်ရည် စဉ်းစားမိသလောက် ပြောမယ်နော်။ အပေါ်အအးခန်း အပေါ်ထပ်မှာ မထည့်ထားပဲ၊ ဧည်သည့် ၂ယောက်စာလောက် ၀က်သားအစုံကို နုယ်ရမယ့် ပစ္စည်းတွေနဲ့ နုယ်ထားပြီ အာက်အအေးခန်းမှာ ထည့်ထားလိုက်ပါ။ ချက်မယ်ဆိုလဲ နုပ်ပြီသား အဆင့်သင့်မို့ ချက်ချင်း ချက်လို့ လွယ်ပါတယ်။ အသားတွေကို မြန်မြန်နူစေချင်ရင် Pressure Cooker အိုးကို အသုံးပြုလျှင် ပိုအကျက်မြန်ပါလိမ့်မယ်။ ၀တ်ရည် ပြောပြတာလေး အထောက်အကူပြုလိမ့်မယ်လို့ ထင်ပါတယ်။ ကျေးဇူးပါနော်… 😀
အရမ်းအရမ်းကို ကြိုက်တယ်…အိမ်မှာ ချက်စားတိုင်း ဆိုင်တွေ က အရသာနဲ့ မတူဘူး…
ဝတ်ရည်နည်းလေးကိုသုံးပြီး ချက်ကြည့်လိုက်ဦးမယ်…ကျေးဇူးနော်
ဝတ်ရည်
ဝတ်သားတုတ်ထိုးထဲကို ဆား၊ အချိုမှုန့်၊ သကြားထည့်စရာမလိုဘူးလားဟင်။ ဟင်းချက်ရင် အဲ့ဒါတွေက် အမြဲထည့်နေကျဆိုတော့ ပြောစရာမလိုလို့ မရေးတာလား၊ ထည့်ဖို့မလိုလို့လားလို့ပါ။
ဝတ်ရည်ရဲ့မီးဖိုချောင်လေးထဲက တိုဖူးသုတ်လုပ်စားပြီးပြီ။ အရမ်းကောင်း။ အခုပဲပြုတ်ပြုတ်နေတယ်။ အရမ်းကို အဆင်ပြေပါတယ်။ အညှောင့်လေးတွေလည်းထွက်လို့ အညိုရောင်လေး။ အရမ်းကိုကျေးဇူးတင်ပါတယ်။
မလိုတာ စံစံရေ။ ဆားအစား ပဲငံပြာရည် ထည့်တယ်။ သကြားအစား ပျားရည် ထည့်ထားလို့ပါ… လုပ်စားကြည်ပါနော်.. သိချင်တာရှိရင် မေးနိုင်ပါတယ်..
ဒီ website လည်း တော်တော် အကျိုးရှိတဲ့ website တစ်ခုပါ။လူ့ ဘ၀မှာ စား ၀တ် နေ ရေး
မှာ စားရေးကလည်း အဓိက ထဲက တစ်ခုပါပဲ။ဒါကို ဖွယ်ဖွယ်ရာရာ ဖြစ်အောင် တင်ဆက်ထားတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်…
ဝတ်ရည်ကလည်း ကျေးဇူးးပါ.. 😀
ကျေးဇူးကမ္ဘာ ပါမဝတ်ရည် အဲဒီနည်းကိုသိချင်နေတာကြာပြီ ရောင်းတဲ.လူကိုမေးကြည်.တော.လဲမပြောတော. ကိုယ်ဟာကိုယ်လုပ်စားချင်နေတာ
ကျေးဇူးဘဲမမရေ လုပ်စားဦးမယ်
ဝတ်ရည်ရေ ၀က်သားတုတ်ထိုးခုလုပ်နေတယ် ပါဝင်ပစ္စည်းတော့မစုံဘူး 🙂 အရမ်း ကျေးဇူးတင်တယ် ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ နှစ်သက်စရာကောင်းတဲ့ ဟင်းများကိုချက်တတ်လို့လေမချက်တတ်တဲ့တို့လိုလူတွေ.. ၀တ်ရည်ရဲ့ပိုစ်လေးတွေဖတ်လိုက်တာနဲံ့ ချက်ချင်စိတ်ပေါက်လာတယ် ပီးတော့ လွယ်ကူအောင်လဲေ၇းထားပေးလို့.. ကျေးဇူးပါနော်
မစန်းကိုလည်း ကျေးဇူးပါနော်.. 🙂
ညီမလေးရေ အချိန်ရရင်လေကြက်ဆီထမင်းလုပ်တာလေ ပြောပေးပါအုံးလားအမ ကြက်ဆီထမင်းအိမ်မှာလုပ်စားချင်လို့ပါနော် ကျေးဇူးပါ
ဟုတ်ကဲ့ မစန်း။ ၀တ်ရည် ကိုယ်တိုင်လည်း လုပ်စားပြီတာနဲ့ ချက်နည်းနဲ့တကွ တင်ပေးလိုက်ပါ့မယ်နော်… ၀တ်ရည်ကလည်း ကျေးဇူးပါ
ကြက်သားမှုန့် ကိုဘာကြောင့်သုံးပါသလဲ?အဲဒီအမှုန့် ရဲ့အရသာဟာဝက်သား
အရသာကိုလွှမ်မိုးနိုင်သလားခင်ဗျ။ဝက်သားတုတ်ထိုးအရမ်ကြိုက်ပါတယ်။အားတဲ့
အခါလုပ်စားချင်လို့ ပါ။
ကြက်သားမှုန့်ထည့်တာ အချိုအရသာပါအောင်လို့ပါ။ မထည့်ချင်လည်း သူအစား သကြားအနည်းငယ် ထည့်လို့ရပါတယ်.. လုပ်စားကြည့်ပါနော်
Thank you so much Wut Yee. Here in London, pork smells so strong so i can’t eat. I hope your recipe can kill the smell. Will try later.
Thanks also! Try it!!! 😛
Thank ma wityee
ညီမလဲ ဒီဇင်ဘာ အိမ်မှာဘာလုပ်စားရမလဲ စိတ်ကူးနေတာ အတော်ပဲ
ချက်ပြီးပို့ပေးလိုက်မယ် 😜😜😜😜😜
အသစ်တင်တိုင်းလဲအမြဲအားပေးနေမှာပါ ညီမ အရမ်းကောင်းပါတယ်
စားချင်နေတာတော့ကြာပါပြီ ဘယ်လိုလုပ်စားရမှန်းမသိလို့ အခက်တွေ့နေတာ အခုတော့ အဆင်သွားပါပြီ ကျေးဇူးတင်ပါတယ်အစ်မ