သိသင့်မယ် ထင်တဲ့ ဟင်းချက်ရာတွင် ပါဝင်ပစ္စည်းများ နှင့် အမွှေးအကြိုင်များဧ။် မြန်မာ၊ အင်္ဂလိပ် အခေါ်အဝေါ်အများစုကို ဝေမျှပေးလိုက်ပါတယ်။ ကျန်တာတွေလည်း ဖြည့်စွက်ပေးကြပါနော်…း)
၁။ ဆား = Salt
၂။ ငရုတ်သီးမှုန့် = Chilli powder
၃။ ငရုတ်သီးစိမ်း = green Chilli
၎။ ငရုတ်ကောင်းမှုန့် = pepper (Black/ White)
၅။ ဟင်းခတ်သစ်ရွက် = Curry leaf ( ပျဉ်းတော်သိမ်ရွက် )
၆။ တရုတ်ကြက်သွန်မြိတ် = Leek
၇။ ကြက်သားမှုန့် = Chicken Powder
၈။ တရုတ်နံနံပင် = Celery
၉။ နံနံပင် = Coriander leaf (Cilantro)
၁၀။ နံနံစေ့ = Coriander seed
၁၁။ မုန့်ညှင်းစေ့ = Mustard Seed
၁၂။ မုန့်ညှင်းရွက် = Mustard leaf
၁၃။ ပူစီနံ = Mint
၁၄။ မန်ကျည်းသီး = Tamarind
၁၅။ နနွင်းမှုန့် = Turmeric powder
၁၆။ ပင်စိမ်းရွက် = Basil
၁၇။ ရှာလကာရည် = Vinegar
၁၈။ နှမ်းဆီ = Sesame Oil
၁၉။ ဟင်းချက်ဆီ = Cooking Oil
၂၀။ မြေပဲဆီ = Peanut Oil
၂၁။ ဟင်းရွက်ဆီ = Vegetable Oil
၂၂။ ကြက်သွန်နီ = Onion
၂၃။ ကြက်သွန်ဖြူ = Garlic
၂၄။ ဂျင်း = Ginger
၂၅။ ခရုဆီ = Oyster Sauce
၂၆။ ပတဲကော = Galangal
၂၇။ စပါးလင် = Lemon grass
၂၈။ ဂျူးဖူး = Chives
၂၉။ ဂျုံမှုန့် = Flour
၃၁။ ကော်မှုန့် = Corn Flour/ Glue ( Potato Starch/ Corn Starch )
၃၂။ ယမ်းစိမ်း = Saltpetre
၃၃။ တရုတ်မဆလာ = Chinese Curry Powder
၃၄။ ကြက်သွန်မြိတ် = Spring Onion
၃၅။ ကုလားအော်သီး = Capsicum
၃၆။ သစ်ဂျပိုးခေါက် = Cinnamon Bark
၃၇။ ဇီယာ = Cumin
၃၈။ ကလဝေးရွက် = Bay leaf
၃၉။ လေးညှင်းပွင့် = Clove
၄၀။ ဇာဒီပ္ဖိုလ်သီး၊ ဇာပွင့် = Nutmeg
၄၁။ ဘိန်းစေ့ = Poppy Seed
၄၂။ ဖာလာစေ့ = Cardamon
၄၃။ နာနတ်ပွင့် = Star nut / Star of aniseed
၄၄။ စမုန်စပါးစေ့ = Fennel seed
၄၅။ မာဆလာ = Grand Masal ( Garam Masala )
၄၆။ ဟင်းခတ်ဝိုင်(အဖြူ) = White Wine
၄၇။ ဟင်းခတ်ဝိုင် (အနီ) = Red Wine
၄၈။ ပဲငံပြာရည် အကြည် = Light Soy Sauce
၄၉။ ပဲငံပြာရည် အနှောက် = Dark Soy Sauce
cool …thx for information…i really need it 😉
ကိုယ် ဈေးဝယ်ရင် အဆင်ပြေသွားတာပေါ့.. 🙂
ယမ်းစိမ်းရဲ့ အမှန်က saltpeter/ saltpetre ပါ။ L တစ်လုံးပိုနေတယ်။ အခေါ်အဝေါ်တွေ အတွက် ကျေးဇူးတင်ပါတယ်။
နောက် ကလဝေးရွက် ဝယ်ချင်ရင် Bay Leaf ဆိုပြီး အနောက်နိုင်ငံတွေမှာ ဝယ်ရင် ကလဝေးနဲ့မတူတဲ့ အရွက်သေးပြီး အနံပြင်းတဲ့ အရွက်တမျိုးပါ။ ဟင်းထဲမှာ ချက်ရင် ကလဝေးလို အနံ မသင်းပါဘူး။ Indian Bay Leaf ဆိုပြီးတော့ Indian ဆိုင်တွေမှာ မေးဝယ်မှ အမှန်ရပါတယ်။
Thanks for info!! 🙂
In Denmark, we use Bay leaf for Pork roast, in Danish we call Flaeskesteg, you must pronounce flaeskerstile. AJ
နံနံပင်ကို US မှာ Cilantro လို့ခေါ်ကြပါတယ်။
ကျေးဇူးပါ… 😉
thanks you .
very useful.
Mein Mein is very welcome!! 🙂
အစ်မကိုးရီးယားငရုတ်သီးအနှစ်ကဘယ်လိုပုံစံလဲ။ ဗူးလေးပြပေးပါလား။
အေးနွယ်ရေ ၀တ်ရည်က ကိုးရီးယား ငရုတ်သီးနှစ်ကို ၀ယ်မသုံးဘူး၊ ကိုယ်တိုင် အိမ်မှာ လုပ်ပြီ သုံးတာ။ ဈေးသက်သာလို့ပါ။ ကိုရီယား ငရုတ်သီးနှစ်ဘူးလို့ ပြောဝယ်ရင် supermarket တွေမှာ ရှိပါတယ်….
Hey!! ltnc high school friend. any idea for “ngar hta min nel”. I got tuna in a can and chopped tomato. what do i need more? remember i am in uk. i might not be able to find all cooking stuff.
ဆော်ရီး သူငယ်ချင်းရေ…. ခုmesg တွေကို တွေ့လို့ reply ပြန်ဖို့ နောက်ကျသွားတယ်… ငါးထမင်းချဉ်လုပ်စားချင်ရင်
– ငါးခူးကို ဆားလေးနဲ့ အရင်ပြုတ်ပါ။ ခရမ်းချဉ်သီးကို ဆီသပ်ပေးထားပေးထားပါ။
-ပြီးလျှင် အားလူးကို ပြုတ်ထားပေးပါ။
-ကြက်သွန်ဖြူကို ဆီချက်လုပ်ထားပေးပါ။
– ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးထားပေးပါ
– ခုဆို ငါးထမင်းချဉ် စသုပ်လို့ရပါပြီ။ ထမင်း၊ အားလူး၊ ငါးခရမ်းချဉ်သီး အနှစ် အားလုံးကို ရောနယ်ပြီ အရသာ အပေါ့အငံ့အတွက် ဆား၊ ကြက်သားမှုန့် ထည့်နုယ်လိုက်ပါ။
– ပြီလျှင် အပေါ်မှ ကြက်သွန်ဖြူ ဆီချက်၊ ကြက်သွန်မြိတ်ကို ဖြူးပေးပါ။ -တွဲဖက်စားရမှာတွေကတော့ ဂျူးမြစ်၊ ၀က်ခေါက်ကြော်၊ ငရုတ်သီးခြောက်(အရှည်)၊
မ၀တ်၇ည်ေ၇…..ကျွန်တော်တော့ကျက်၇အုံးမယ်ဗျာ။။။တစ်ချို့ကိုဘယ်လိုခေါ်မှန်းတောင်မသိဘူး။မီးဖိုချောင်ကိုတော့သဘောကျမိပါတယ်။ကိုယ်အိမ်ကို့၇ာဆို၇င်တော့သပ်သပ်၇ပ်၇ပ်လေးဖြစ်အောင်လုပ်၇မယ်။တစ်ခုချင်းဆီဝယ်ဆု၇မှာပေါ့။ကျေးဇူးနော်….
သိချင်တာရှိရင်လည်း မေးနိုင်ပါတယ်နော်…. ၀တ်ရည်လည်း ဟင်းချက်ခါစက ဟင်းချက်ပစ္စည်းတွေ တွေ့တာနဲ့ ၀ယ်ရင်းဝယ်ရင်း တဖြည်းဖြည်းနဲ့ များလာတာပဲ။ 🙂
အမ၀တ်ရည်
ဆီသတ်ရွက်နဲ့ ဟင်းခတ်သစ်ရွက်(ပျဉ်းတော်သိမ်ရွက်)နဲ့ တူပါသလား။ မတူရင် ဆီသတ်ရွက်နဲ့ ရှမ်းနံနံ ကိုလည်း english လိုပြောပြပေးစေချင်ပါတယ်။ thanks…
ဆီသတ်ရွက်ဆိုတာ ပျဉ်းတော်သိမ်းရွက်နဲ့ တူတူပါပဲ… ရှမ်းနံနံကိုတော့ Saw Herb Leave လို့ အင်္ဂလိပ်လို ခေါ်ပါတယ်.. 😀
အစ်မရေ…
အစ်မတင်ထားပေးတဲ့လင့် ကနေ မုန့်လက်ဆောင်းလုပ်နည်းလေးရပါတယ်။ ကျေးဇူးပါနော်။ တခုသိချင်တာက အဲဒီနည်းထဲမှာပါတဲ့ ဆူးမွှေး ရွက်ဆိုတာကိုအဂ်လိပ်လိုဘယ်လိုခေါ်လဲဆိုတာ အစ်မသိရင်ပြောပြပေးပါနော်။
ဆွမ်းမွေးရွက်ကို Pandan Leave လို့ခေါ်ပါတယ်
တရုတ်မဆလာကို Chinese five Spices လို့လဲခေါ်ပါတယ်။
ွှကျေးဇူးပါ…
thanks A million
You too… 🙂
thanks alot yr share cook recipe…i will try to cook..verynice.
ok thanks!
ပဲမှုန့်အစိမ်းမှုန့် နဲ့အကျက်မှုန့်ကိုကော ဘယ်လိုခေါ်သလဲသိပရစေ အမ။
gram flour ဆိုတာပဲမှုန့်အစိမ်းမှုန့်ပါ။ gram flour ကိုလှော်လိုက်ရင်အကျက်မှုန့်ဖြစ်သွားပါတယ်။
ကျေးဇူးပဲ ၀တ်ရည် ရေ့
မြန်မာမှာက အမြဲတန်း ပလော့ထားလို့ လာလည်သူတွေနည်းနေတာပါ နို့ ဆိုရင် အများကြီးပဲ အားပေးတယ်
😀
ဝတ်ရည်ရေ….
Baking Soda နဲ့ ဆားဆိုဒါနဲ့အတူတူဘဲလားသိချင်ပါတယ်…
Baking Soda က ပါမုန့်တို့၊ ကိတ်မုန့်တို့ ဖုတ်တဲ့နေရာမှာ သုံးတာပါ။ ဆားဆိုဒါကတော့ ပဲပြုတ်တို့ ဘာတို့မှာ သုံးတာပါ။ မတူဘူးပေါ့..
ကိုရီးယားငရုတ်သီးအနှစ်လုပ်နည်းလေးပြောပြပါလား မ
nono ရေ ကိုရီးယားအနစ်က readymade ဗူးတွေ CityMart မှာ ၀ယ်လို့ရပါတယ်..
အရမ်းကောင်းပါတယ်
နောင်လဲ တင်ပေးနော်
စားသောက်ဘွယ်နဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်လေးတွေလဲ တန်ဘိုးရှိပါတယ်
မြန်မာ ကောင်မလေးများကို လဲထမင်းဟင်း ချက်နည်းတွေ လေ့လာဘို့ တွန်းအားပေးပါဦး
နို့မှုတ်ရင် ထမင်းဟင်း ကောင်းကောင်းမချက်တတ်တဲ့သူတွေ များနေလို့ပါ
🙂
haaa Thanks.. 😀
အကြော်မှုန့်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်တယ်ဆိုတာ ပြောပြပေးပါဗျာ
အကြော်မှုန့် is not quite a ‘specific’ word. i think it might be called flour or starch powder in english. I’m not sure.
Tempura Flour
စားဆော်ဒါကိုဘယ်လိုခေါ်လဲအမ 🙂
Soda ဆိုဒါ လို့ပဲ ခေါ်တယ် ညီမ.. 🙂
Thanks a lot sis…:)
Thanks a lot sis 🙂
ကြာဆံဟင်ခါး ထဲ ထည့်တဲ့ ကြွက်နားရွက်မှို (သို့) မှိုတုံတုံ ကို English လိုဘယ်လိုခေါ်လဲအမ
it’s called wood ear.
please let me know ကောက်ညှင်းမှုန် in english. thanks.
Sticky Flour = ကောက်ညှင်းမှုန့်
Thanks a ma 🙂
🙂
Can anyone in here tell me what ဖက်ဖယ် ရွက် is called in english? Thanks.
ဖက်ရွက် = Wonton Sheet.. 🙂
ကိုရီးယားငရုတ်သီးအနှစ်လုပ်နည်းလေးပြောပြပါလား
Ready Made is better… You can buy at City Mart:)
ညီမရေ
ဝက်သားကော်ပြန့်လိပ်လုပ်နည်းရေးပေးပါအုံးနော်
ကျောက်ကျောမှုန့်ကိုအင်္ဂလိပ်ဘယ်လိုခေါ်လဲဆိုတာပါရေးပေးပါအုံးနော်
ကျေးဇူးတင်လျှက်
ဟုတ်ကဲ့ မမြတ် တင်ပေးပါ့မယ်… ကျောက်ကျောမှုန့် = Agar Powder.. Thanks 🙂
ကော်မှုန့် ကို Tapioca လို့ ခေါ်ပါတယ်…
စမိတ်ကိုဘယ်လိုခေလဲ၊ါ်
ညီမရေ(စမိတ်)ကိုဘယ်လိုခေါ်လဲ။
အစ်မ ရေ ကျွန်တော့်ကို ကြက်ဥပူတင်း ပြုလုပ်ပုံလေး ပြောပေးလို့ ရမလား ကျွန်တော် လုပ်ကြည့် ရေထွက်နေပြီး ဆိုင်တွေမှာစားသလို မာမာလေး မနေလို့ ပါ။ ကျေးဇူးတင်ပါတယ်နော်။
Ear mushroom also call black fungus.
Thanks 🙂
ရွှေကြည် မှုန့် ကိုဘယ်လိုခေါ်ပါသလဲ အ မ…..
sorry sis I don’t know! 😀
ရွှေကြည်ကို Semolina လို့လည်းခေါ်တယ် sis…
Dear baby,Chowutyee
You have so NICE experiments for International COOKING.I”m very proud of you as a burmese lady. I congratulate to you really.
Best wishes,
U U Kyaw Thu
Nederland[NL]
Thanks a lot U Kyaw Thu!! 😀 I am just house wife who love cooking! 🙂
For Yin Yin,In India markets, they call ရွှေကြည် မှုန့် in Sooji(Wheatlets). Thank you so much ,Wut Yee for all your receipes.
Thanks sis! 😀
Thank you so much A Ma Wut Yee..
[…] ဟင်းခတ်မွှေးကြိုင် အခေါ်အဝေါ်များ […]
စမုန်မျိုး၅ပါးမှာ ဘာတွေပါလဲ ပြောပြပေးပါ
ညီမရေ Worcestershire , Tabasco အဲတာလေးများသိရင် ဖြေပေးပါလား ကျေးဇူးတင်တယ်နော်