အီတလီစတိုင် Spaghetti စပါ(ဂ်)တီ
Spaghetti က အီတလီ အစားသောက်ပါ။ ၀တ်ရည်အိမ်က အရမ်းကြိုက်လို့ ခဏခဏ လုပ်စားဖြစ်တယ်.. အရသာကလည်း တော်တော်ကောင်း၊ အနံ့လေးကလည်း အနောက်တိုင်း အမွှေးအကြိုင်အနံ့လေး၊ ချိစ် အရသာလေးနဲ့မို့ စပါ(ဂ်)တီ ချစ်သူတွေ ကြိုက်နှစ်သက်ကြမှာပါ။ စားသုံးသွားကြပါအုန်းနော်….
ပါဝင်သောပစ္စည်းများ
၁။ ကြက်သား (သို့) အမဲသား – ၂၀ကျပ်သား (နှုတ်နှုတ်ဆင်းပါ)
၂။ မုန်လာဥနီ – ၁ခု (နှုတ်နှုတ်ဆင်းပါ)
၃။ ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ)
၎။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
၅။ ခရမ်းချဉ်သီး အနှစ် (Tomato Paste) – စားပွဲတင်ဇွန်း ၂ဇွန်း
၆။ ဂျုံမှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
၇။ ငရုတ်ကောင်းမှုန့် (အမဲ) – စားပွဲတင်ဇွန်း တ၀က် (ထောင်းပြီးသား အမှုန့်)
၈။ Red wine (အမဲသား) (သို့) Whine wine (ကြက်သား) – စားပွဲတင်ဇွန်း ၃ဇွန်း
၉။ Oregano၊ Thyme – စားပွဲတင်ဇွန်း တ၀က်စီ (အနောက်တိုင်း ဟင်းခတ် အမွေးအကြိုင်)
(မြိုင်ဟေ၀န်တွင် ၀ယ်ယူနိုင်ပါသည်)
၁၀။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၁၁။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၁၂။ ချိစ် – အနည်းငယ်
ချက်ပြုတ်နည်း
၁။ အရင်ဆုံး Bolognese Sauce ကို အရင်ချက်ရပါ့မယ်။
၂။ ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၃ဇွန်း) ထည့် ကြက်သွန်ဖြူ၊ နီထည့်ဆီသပ် အညှိရောင်သန်းလာသည် အထိ မွှေပေးပါ။
၃။ ပြီးလျှင် ခရမ်းချဉ်သီးအနှစ် ထည့်ပြီး ဂျုံမှုန့်များ ထည့်မွှေပေးပါ။
၎။ ပြီးမှ ရေတစ်ခွက်ထည့်မွှေပေးပြီး ခရမ်းချဉ်သီး အနှစ် မပျစ်မကျဲတွင် နှုတ်နှုတ်ဆင်းထားသော အမဲသား(သို့) ကြက်သား၊ မုန်လာဥနီများ ထည့်မွှေပေးပါ။
၅။ အမဲသား(သို့) ကြက်သား နူးရန် လိုအပ်ပါက ရေအနည်းငယ်ထပ်ထည့်ပေးပါ။
၆။ အရသာ အတွက် ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့် ဖြူးပြီး ရောမွှေလိုက်ပါ။
ရ။ အရသာ အနေတော်လျှင် Red wine (သို့) White wine ထည့်ပြီး ရေမွှေပြီး အပျစ်မကျဲ အနေထားတွင်ထားပါ။
၈။ နောက်ဆုံးမှ အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင် ထည့်မွှေလိုက်ပါ။
၉။ Bolognese Sauce ကိုရပြီး ဆိုလျှင် Spaghetti ခေါက်ဆွဲကို ရေများများဖြင့် ပြုတ်ပေးပါ။ ပြီးမှ ဇကာဖြင့် ပြန်ဆယ် ရေစစ်ပြီး ပန်းကန်ပြား တစ်ခု ထဲထည့်ထားပေးပါ။
၁၀။ ပြီးလျှင် Bolognese Sauce ကို ခေါက်ဆွဲပေါ်သို့ ဆမ်းလိုက်ပါ။
၁၁။ အပေါ်မှ ချိစ်လေးတွင် ခြစ်တံဖြင့် ခြစ်ပြီး တင်လိုက်ပါ။
၁၂။ အနံ့ရော အရသာရော အလွန်ကောင်းမွန်တဲ့ စပါ(ဂ်)တီကို စားသုံးနိုင်ပါပြီး….
looking very nice….yummy
Thanks Hmone Gyi yay .. 😉
စားချင်သေးတယ် 😀
ဟီးဟီး နောက်နေ့ကျ ကြက်သားနဲ့ လုပ်ပေးမယ် 🙂
မွှေးနေတာပဲဗျာ…ဟီးးး
မွှေးဆို အနောက်တိုင်းဟင်းခတ် အမွှေးအကြိုင် သုံးထားတာကို..း)
looks delicious! Well done Wut Yee.
Evy ကျေးဇူးပဲနော် 🙂
ငါ့ညီမကအီတလီစာကြိုက်တာပဲ။ နောက်တစ်နည်းထပ်ပေးမယ်နော်။ရောမမြို့ ရဲ့ traditional plate ပါ။ Carbonara လို့ ခေါ်တယ်။ ကြက်ဥတစ်လုံးကိုပန်းကန်တစ်ခုထဲမှာခေါက်ထားပါ။ ဒယ်အိုးထဲဆီနည်းနည်းထည့်ပြီး ကြက်သွန်ဖြူ ၁ မွှာထည့်မွှေပါ။ မီးအပူချိန်နည်းနည်းပဲထားပါ။ ပြီးရင်ဝက်ပေါင်ခြောက်အတုံးလေးတွေထည့် ကြော်ပါ။ ခဏပဲကြော်ပါ .အကြာကြီးကြော်ရင် အရမ်းငံသွားတတ်လို့ ။ ပြီးရင်ပြုတ်ထားတဲ့ spaghetti ကိုရောလိုက်ပါ။spaghetti ကပူနေဖို့လိုပါတယ်။ ပြီးရင်ခေါက်ထားတဲ့ကြက်ဥကိုရောမွှေလိုက်ပါ။ငရုတ်ကောင်းမှူန့်(အမည်း) နည်းနည်းထည့်ပါ။ ကြိုက်တတ်ရင် cheese အမှုန့်လေးတွေအပေါ်ကဖြူးပြီးစားပါ.
spaghetti မကြိုက်တဲ့အမတောင် Carbonara ကိုကြိုက်တယ်။ လုပ်စားကြည့်ပါ..
မငြိမ်းရေ Carbonara စားလို့ကောင်းမယ့်ပုံပဲ လုပ်စားကြည့်အုန်းမှ.. ကျေးဇူးပဲနော်..း)
carbonara မှာ ၀က်ပေါင်ခြောက်နဲ.မလုပ်ရဘူးဗျို. bacon နဲ.ချက်ရတာပါ ။ ငရုပ်ကောင်းမှုန်.နဲ. cheese နဲ.ကြက်ဥ အနှစ် ကိုသေခြာစွာမွှေပေးရပါတယ် bacon ကို အနဲးငယ်ကြွတ်မှကောင်းတာပါ ။ bacon မှာနှစ်မျိုးရှိပါတယ် ပုံမှန် bacon နဲ. pancaumttar လို.ခေါ်တဲ. bacon တစ်မျိုးကိုအသုံးပြုရပါတယ် ။
ဆရာလုပ်တာမဟုတ်ပါ ကျွန်တော် လက်ရှိ လုပ်နေတာ Italian food ကိုလုပ်နေတဲ. ပန်ကန်ဆေး ခွက်တိုက် ဟင်းချက်နေတဲ.တောသားပါ။
Italian food ချက်တဲ့ နေရာမှာ တကယ် ဆရာကြီးပေါ့နော်.. ၀တ်ရည်ကတော့ မတတ်သခေါက်လောက်ပါပဲ… Carbonara သေချာပေါက်ချက်စား ပါမယ်.. ကျေးဇူးပဲနော်.. 🙂
အနောက်တိုင်း ဟင်းခတ်အမွေးအကြိုင်ဆိုတာ ဘာတွေကိုပြောတာလဲ အစ်မ။
အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင် ဆိုတာ Oregano, Thyme, Rosemary, etc… ကိုပြောတာပါ။ အနောက်တိုင်းဟင်းတွေ ချက်ရင် အသုံးများတဲ့ အမွှေးကြိုင်တွေပါ။ 😉
bacon ဆိုတာ ဘာလည်းဟင် ဒီကလည်း စပါဂတီ အရမ်းကြိုက်ပါသည်။ သို့သော် မလုပ်တတ်ပါ
bacon ဆိုတာ ဘာလည်းဟင် ဒီကလည်း စပါဂတီ အရမ်းကြိုက်ပါသည်။ သို့သော် မလုပ်တတ်ပါ
pancaumttar
Bacon ဆိုတာ ၀က်ပေါင်ခြောက်ကို ပြောတာပါ။ စပါဂတီက သိပ်မခက်ပါဘူး။ လုပ်စားကြည့်ပါ… 😀