Advertisements
Feeds:
Posts
Comments

Archive for the ‘အနောက်တိုင်း ချက်ြ့ပုတ်နည်း’ Category

အီတလီစတိုင် Lasagna ခေါက်ဆွဲ

အီတလီ စတိုင် Lasagna ခေါက်ဆွဲက အရသာအရမ်းကောင်းမွန်ပါတယ်။ ခေါက်ဆွဲအလွှာ ၄လွှာကနေ ၅လွှာထိ ပြုလုပ်ကြပါတယ်။ ခေါက်ဆွဲတထပ်ခင်းပြီတိုင်း အမဲသားဆော့ရယ်၊ ချိစ်ရယ်၊ အထပ်ထပ် ခင်းထားတာမို့ အရသာ အရမ်းကောင်းပေမယ့် ချိစ်ကြောင့် အီတာနဲ့ Lasagna တခုလုံးကုန်အောင် မနည်းအားယူ စားရမှာပါ။ Garfield ကာတွန်းကား ကြည့်ဖူးသူတိုင်း Garfield အကြိုက် Lasagna ခေါက်ဆွဲကို သိကြမှာပါ။ ခုတော့ ၇န်ကုန်မှာလည်း ဆိုင်တွေမှာ Lasagna တစ်ခုကို ၄၈၀၀- ၅၀၀၀ ကျပ်ဖြင့် ၀ယ်ယူနိုင်ပေမယ့် အိမ်မှာ လုပ်စားတာပိုပြီ ဈေးသက်သာပြီ ပိုလည်း စားလို့ကောင်းတာမို့ အားလပ်ရက်တွေမှာ လုပ်စားနိုင်ဖို့ပါ။ ၀တ်ရည်ကတော့ Lasagna ၆ယောက်စာ လုပ်ထားပါတယ်။ လုပ်နည်းလေးကို ကြည့်ရအောင်…

Lasagna တွင် ပါဝင်ပစ္စည်းများ

၁။ Lasagna ခေါက်ဆွဲ- ၁ဗူး (၅၀၀ ဂရမ်)

(Lasagna ခေါက်ဆွဲMartket Place (ဓမ္မစေတီလမ်း CityMart) တွင် ၀ယ်ယူနိုင်ပါသည်)

(more…)

Advertisements

Read Full Post »

အာလူးပူတင်း

Valentine နေ့အမှတ်တရ အချိုပွဲအနေနဲ့ အာလူးပူတင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အာလူးပူတင်းက အမြင်ဆန်းပြီ စားလို့လည်း သိပ်ကောင်းပါတယ်။ ကိုယ်ချစ်သူအတွက် အချိုပွဲ ဆန်းဆန်းလေး လုပ်ပေးချင်ရင်တော့ ဒီအာလူပူတင်းလေးကို ရွေးချယ်သင့်ပါတယ်။ ချက်နည်းကို ကြည့်လိုက်ရအောင်…

ပါဝင်ပစ္စည်းများ

  • အာလူး [potato]                           – ၄လုံး (အ၀ိုင်း ပါးပါးလှီးပါ)
  • နွားနို့ [milk]                                 – ၂၀၀ ml
  • ငရုတ်ကောင်းမှုန့် [white pepper]        – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ကြက်သားမှနု့် [chicken powder] – လက်ဖက်ရည်ဇွန်း တ၀က်

(more…)

Read Full Post »

Valentine Day လက်ဆောင် ဟင်းလျာ

Valentine Day ရောက်တော့မှာ ဟုတ်လို့ ချစ်သူအတွက် ဆိုတဲ့ ဟင်းလျာကို အထူးရည်ရွယ်ပြီး တင်လိုက်ခြင်းဖြစ်ပါတယ်။ Valentine Day မှာ ချစ်သူကို ဘာလက်ဆောင် ပေးရမလဲ စဉ်းစားလို့ ခေါင်းရှုပ်နေကြပါသလား။ ချစ်သူအတွက် အထူးလက်ဆောာင် အနေနဲ့ ဒီဟင်းလျာလေးကို ချက်ကျွေးလိုက်ကြပါ။

(more…)

Read Full Post »

အမဲကင် ဆူရှီလိပ်


 ဒီ အမဲကင် ဆူရှီလိပ်လေးလို အရောင်စုံနှင့် အရသာပေါင်းစုံဖြင့် စားချင်စဖွယ်လေးပါ။ အမဲသားကို ကင်မှ ကြိုက်နှစ်သက်သူများ အတွက်တော့ တကယ်ကို ကောင်းမွန်တဲ့ ဟင်းလျာမို့ မိတ်ဆက်ပေးပါရစေ။ သူကို တောင်အာဖရိအခေါ်အဝေါ်အရ ဆိုလျှင် မာတန်ဘီ ဟင်းလျာလို့ ခေါ်ပါတယ်။ မာတန်ဘီရဲ့ အဓိပ္ပါယ်က စားလောင်မှုတွေကို အဆုံးသတ်ပေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဘာလို့ စာလောင်မှုကို အဆုံးသတ်ပေးနိုင်သလဲ ပြောရရင် သူရဲ့ ထူးခြားတဲ့ အရသာတွေ ကြောင့်ပါပဲ။ သူရဲ့ ပထမဆုံး အမဲကင်လိပ်ပေါ်မှ ၀က်ပေါင်ခြောက် အရသာကြောင့် ချိုတဲ့အရသာရယ်၊ အမဲသားရဲ့ အရသာရယ်၊ အစားသွပ်ထားတဲ့ ချိစ်အရသာရယ်၊ ဟင်းရွက်များကြောင့် လတ်ဆတ်တဲ့ အရသာရယ်၊ ငရုတ်ပွစိမ်းကြောင့် စူးရှရှ အရသာစုံကို တလုပ်စားရုံနဲ့ ရရှိမှာ ဖြစ်ပါတယ်။ လုပ်ရလည်း လွယ်ကူတာမို့ ချက်နည်းလေး တူတူကြည့်ရအောင်…

 

ပါဝင်ပစ္စည်းများ [Ingredients]

  • အမဲသား [beef steak]                              ♦ ၁ပေါင်ခွဲ
  • ၀က်ပေါင်ခြောက် [bacon]                         ♦ ၄ခု

(more…)

Read Full Post »

ဆိတ်သားကင်

 

ဆိတ်သားကို သံတံစို့ဖြင့် သီပြီ ကင်ခြင်းသည် ရှေးအကျဆုံး ကင်နည်းတမျိုးပါပဲ။ ဒါပေမယ့် နာရီကြာကြာနှပ်ပြီ ကင်တဲ့ ဆိတ်သားအရသာက ချိုစိမ့်ပြီ မွှေးနေပါတယ်။ ထို့ပြင် ကြက်သွန်နီ၊ ငရုတ်ပွစိမ်း အရသာများ၏ လတ်ဆတ်တဲ့ အရသာသစ်တမျိုးကိုပါ ပေါင်းစပ် ရရှိမှာပါ။ အရောင်စုံမို့ မြင်ရုံနဲ့ စားချင်စဖွယ်ကောင်းသော ဆိတ်သားကင်လေးကို လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ [Ingredients]

  • ဆိတ်သား [mutton]                ♦ ၁၅ကျပ်သား (၁လက်မအရွယ် အတုံးလတ်များ တုံးပေးပါ)
  • ကြက်သွန်နီ [onion]                 ♦ ၂လုံး (၄စိပ်စိပ်ထားပါ)
  • ငရုတ်ပွစိမ်း [green pepper]  ♦ ၂ခု (အစေ့ထုတ် ၈စိပ်စိပ်ထားပါ)
  • ခရမ်းချဉ်သီး [tomato]            ♦ ၂လုံး (အစေ့ထုတ် ၈စိပ်စိပ်ထားပါ) (more…)

Read Full Post »

‘အာလူး မီးကင်’

New Year & Chris-max နီးလာပြီမို့ အကင်နည်းသစ်တွေ များများလုပ်စားနိုင်အောင် ရည်ရွယ်ပြီ ဟင်းသစ်တွေကို ၂ရက်ခြား၊ ၁ရက်ခြား တင်ပေးသွားပါ့မယ်။ ဒါကတော့ မီးခိုရနံ့လေးနဲ့ အာလူးကင်နည်း အသစ်လေးပါ။ ၀တ်ရည်ကတော့ အာလူးမီးကင်ကို အမြဲလည်း လုပ်စားဖြစ်ပြီ အလွန်လည်း ကြိုက်ပါတယ်။ လုပ်ရလည်း လွယ်ပြီ သူအပေါ်မှာ တင်ထားတဲ့ မရိုနိစ်နဲ့ ဘေကွန်အရသာကြောင့် အာလူးကင်က ပိုလို့တောင် စားလို့ကောင်းပါသေးတယ်။ ချက်နည်းကို ကြည့်ကြည့်၇အောင်…

ပါဝင်ပစ္စည်းများ

  • အာလူး [potato]                                              ♦ ၄လုံး (အကြီး)
  • ထောပတ် [butter] (သို့) မာဂျလင်း [magarine]         ♦ စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား [salt]                                                       ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် [black pepper]                     ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • မရိုနိစ် [mayonnise]                                         ♦ စားပွဲတင်ဇွန်း ၄ဇွန်း
  • ဘေကွန် [bacon]                                             ♦ ၄ခု (ဆီဖြင့်ကြော်ပြီ အတုံးသေးများ တုံးထားပါ)
  • ကြက်သွန်မြိတ် [spring onion]                         ♦ ၁ခု (ပါးပါးလှီးထားပါ)

(more…)

Read Full Post »

ကြက်တောင်ပံကင်

 

New Year ပါတီမှာ လုပ်စားဖို့ နောက် အကင်သစ် တမျိုးတင်ပေးလိုက်ပါတယ်။ အကင်ဆိုလျှင် ကြက်တစ်ကောင်လုံး၏ အကောင်းဆုံး အစိတ်အပိုင်းဖြစ်တဲ့ ကြက်တောင်ပံကင်ကို လူကြိုက်များကြပါတယ်။ ကြက်တောင်ပံကို ၀ါးတံစို့ဖြင့် ကင်တာမို့ ကြက်တောင်ပံ မျက်နှာပြင်ပိုမို မီးနှင့်ထိတွေ့လျှင် ပိုပြီ စားလို့ကောင်းလေပါပဲ။ အရသာကလည်း ချဉ်ချိုလေးနဲ့ ထောပတ်အနံ့လေးပါ သင်းနေပါတယ်။ ပါတီပွဲတွေ လုပ်တော့မယ်ဆိုရင် ဒီကြက်တောင်ပံကင်လေးကို လုပ်စားကြည့်ဖို့ မမေ့ကြနဲ့နော်…

 

ပါဝင်ပစ္စည်းများ [Ingredients]

  • ကြက်တောင်ပံ [chicken wings]                ♦ ၈ခု
  • ကြက်သွန်မြိတ် [spring onion]                 ♦ ၁စည်း (ပါးပါး လှီးထားပါ)

(more…)

Read Full Post »

Older Posts »