တို့ဟူးသုပ်လေး လုပ်စားကြအောင်
တို့ဟူးသုပ်လေးကို ချဉ်ငံ့စပ်လေး သုပ်ထားပါတယ်။ တို့ဟူး အိမ်မှာပါ ကျိုလို့ ရအောင်ပါ တို့ဟူးကျိုနည်းပါ တင်ပြလိုက်ပါတယ်။ ဒီတို့ဟူးကျိုနည်းလေးကိုတော့ ၀တ်ရည်အမွှာညီမ ၀တ်မှုံဆီက သိတာပါ။ အိမ်မှာ လုပ်စားသဖြင့် ၂၀၀ကျပ်ဖြင့် တစ်အိမ်လုံး သန့်ရှင်းလတ်ဆတ်စွာ စားသုံး နိုင်ပါတယ်။ တို့ဟူးကျိုချိန်ကလည်း ၂မိနစ်လောက်သာ ကြာ၍ အချိန်တိုအတွင်း လုပ်စားပါတယ်။ အိမ်မှာ လုပ်စားကြည့်မှ အရမ်းလွယ်ကူတာ တွေ့ရ၍ ပြန်မျှဝေပေးလိုက်ပါတယ်..
တို့ဟူးကျိုရန် ပါဝင်သောပစ္စည်းများ
၁။ ကုလားပဲ အစိမ်းမှုန့် – ၁ထုပ် (၁၅၀ ဂရမ်)
၂။ ရေအေး – ၆၀၀ မီလီလီတာ (ml) (သို့) လက်ဖက်ရည်ပန်းကန်လုံး ရခွက်
၃။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
၎။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
တို့ဟူးကျိုနည်း
၁။ အရင်ဆုံး ခွက်တစ်ခုထဲ ကုလားပဲ အစိမ်းမှုန့်များကို ထည့်ပြီ ရေအေး လက်ဖက်ရည်ပန်းကန်လုံး ခွက်ဝက်ခန့် ထည့်ကာ ပဲမှုန့်များကို လက်ဖြင့် ကျေသည်အထိ မွှေပေးပါ။
၂။ ပဲမှုန့်များ ကျေသွားမှ ကျန် ရေအေး(လက်ဖက်ရည် ပန်းကန်လုံး ၆ခွက်)စာကို နည်းနည်းချင်း လောင်းထည့်သွားပါ။
၃။ ရေထည့်ပြီရင် ဆား၊ ဆနွင်းမှုန့်များကို ထည့်ကာ ရောမွှေလိုက်ပါ။ မှတ်ချက် (တို့ဟူး အဖြူလိုချင်ရင် ဆနွင်းမှုန့် မထည့်ပါနှင့်)
၎။ ရောမွှေထားသော ပဲမှုန့်ရေများကို ဒယ်အိုးတစ်ခုထဲထည့်၍ မီးအသင့်တင့်ဖြင့် အဆက်မပြတ် ၂မိနစ်ခန့် မွှေပေးထားပါ။
၅။ ညောင်းစေးလာသည် အထိ ရောမွှေပေးပါ။ ညောင်းစေးလာလျှင် မီးပိတ်၍ ကြိုက်နှစ်သက်ရာ ပုံစံခွက်တစ်ခုထဲ ထည့်၍ ၃နာရီလောက် ကြာအောင် အအေးခံထားပေးပါ။
၆။ အအေးခံပြီရင် တို့ဟူးကို ကိုယ်ကြိုက်နှစ်သက်သလို လှီးပြီ သုတ်စား၊ ကြော်စားနိုင်ပါပြိ….
တို့ဟူးသုပ်ရန် ပြင်ဆင်နည်း
၁။ တို့ဟူး – တ၀က်
၂။ ပဲမှုန့် (အကြက်မှုန့်)- စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၎။ ဆား- လက်ဖက်ရည်ဇွန်း တ၀က်
၅။ အချိုမှန့် – လက်ဖက်ရည်ဇွန်း တ၀က်
၆။ ငရုတ်သီး ဆီချက် – လက်ဖက်ရည်ဇွန်း တ၀က်
၇။ ဂေါ်ဗီထုတ် – တစ်စိတ် (ပါးပါးလှီးပါ)
၈။ ရှောက်ရွက် – ၃ရွက် (ပါးပါးလှီးပါ)
၉။ မန်ကျဉ်းရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၁၀။ ငရုတ်သီးမှုန့် (အကျက်မှုန့်) – လက်ဖက်ရည်ဇွန်း တ၀က်
တို့ဟူးသုပ်နည်း
၁။ တို့ဟူးသုပ်ရန် ပါဝင်သောသော ပစ္စည်းများ ဖြစ်သော (တို့ဟူး၊ ပဲမှုန့်၊ ငံပြာရည်၊ ဆား၊ အချိုမှုန့်၊ ဂေါ်ဗီ၊ မန်ကျဉ်းရည်၊ ငရုတ်သီးဆီချက်၊ ငရုတ်သီးမှုန့်၊ ရှောက်ရွက်) အားလုံးကို ရောနယ်လိုက်ပါ။
၂။ ပြီမှ ကြက်သွန်နီကြော်လေးများကို ဖြူးပေးလိုက်ပါ။
၃။ ချဉ်ငံ့စပ် တို့ဟူးသုပ်လေးကို အိမ်မှာ အချိန်တိုအတွင်း လုပ်စားကြပါ…
Wutyee.. I’m glad that you post it recipe cos I have been looking for it.
After mixing the powder with water, do I have to leave it for a while or can I cook it straightaway? Thanks in advance.
မနိုင်ရေ… အရင်ဆုံး ပဲစိမ်းမှုန့်ကို ရေအနည်းငယ်နဲ့ မုန့်လုံးရေပေါ်နယ်သလို ကျေသွားအောင် နယ်မွှေပေးရပါတယ်။ ပဲစိမ်းမှုန့် မကျေရင် ကျိုတဲ့အခါ အခဲတွေ ဖြစ်သွားတတ်လို့ပါ။ ကျေအောင် လက်ဖြင့် မွှေပြီမှ ရေအေးကို ဖြည်းဖြည်းချင်းချင်း ထည့်ပြီ ရောမွှေပေးပါ။ ရောမွှေပြီရင် ချက်ချင်း တန်းကျိုလို့ရပါတယ်…း)
တို့ဟူးသုပ်လုပ်စားချင်နေတာ ကြာပါပြီ။ ဒီမှာ ကျိုပြီးသားတို့ဟူး
ဝယ်မရတာနဲ့ မစားဖြစ်တာလည်း အတော်ကြာပြီ။
ကျေးဇူးအများကြီးတင်ပါတယ် အစ်မရေ… ဒီတခါပိတ်ရက်
အစ်မနည်းအတိုင်း ကျိုပြီး သုပ်စားပါအုံးမယ် 😉
လုပ်စားကြည့်ပါနော်.. ကျေးဇူးပါ…
ိတို့ဟူးကျိုတာက ပဲမှုန့်စိမ်း တစ်ထုပ်ဆိုတာ ဘယ်လောက်သားလဲ ဘယ်နှစ်ကျပ်သားလဲ တချက်သိချင်ပါတယ်..။ ရေက လီတာနဲ့ ပြောနိုင်ရင် ပိုအဆင်ပြေမှာပါ..။ လက်ဖက်ရည် ပန်းကန်က မရှိတာရော..နောက် ရှိရင်တောင် ပုံစံမတူတာမျိုး ဖြစ်နိုင်လို့ပါ..။ Thz in advance.
မနွယ်၊ အပေါ်မှာ အပြည့်အစုံ ပြန်ရေးထားပေးပါတယ်။ ပဲမှုန့် တစ်ထုပ်ကို ၁၅၀ဂရမ် တစ်ထုပ်ကို ပြောတာပါ။ ရေကတော့ ၆၀၀ မီလီလီတာ ဆိုရင် ပိုမှန်ပါလိမ့်မယ်။
သေချာပြန်တင်ပေးထားတာ ကျေးဇူး မ၀တ်ရည် ရေ..့.. ဒီတပတ် တို့ဟူးကျိုကြည့်မယ်ဆိုပြီး အခုမှ ပြန်ဖတ်ဖြစ်လို့ပါ..။
ဟင်းအသစ်တွေ တင်တိုင်းဖတ်ဖြစ် အားပေးနေပါတယ်နော်..။ ကျေးဇူးလဲ တင်ပါတယ်..။
good job pig yee…urs one has a lot of things…i wanna eat…heee
မှုံကြီးရေ ကိုယ်ပြန်လာမှ တူတူထပ်လုပ်စားကြတာပေါ့… ဟဲဟဲ
ဖတ်ရင်းနဲ့ ပါးစပ်ထဲမှာ တံတွေးတွေပြည့်လာပါရောလား ဒေါ်ဝတ်ရည်
စားကောင်းမယ်ဆိုတာကြည့်တာနဲ့သိတယ်
လုပ်စားဦးမယ်
ပျော်ပျော်ပါးပါးး)
မချော လုပ်စားကြည့်ပါနော်။ အိမ်မှာ လုပ်စားရတာ ၀ယ်စားရတာထက် ပိုလည်း စားကောင်းတယ်။ ဈေးလည်း အရမ်းချိုတယ်။ ၀တ်ရည်တောင် ဒီနေ့ ထပ်လုပ်စားအုန်းမလို့….
Thanks for the recipe. This is one of my favorite.
Thanks you too!
ထောဟိုနေ့ကကြိုတယ် ကြော်စားမို့ ရေနွေးနဲ့နယ်လိုက်တာ ပြီးတော့ သိပ်မမွှေဘူး အိုးကလဲကပ်နေတော့ ရလောက်ပြီဆိုမီးပိတ်လိုက်တာ ခဲဘူး ပျော့စိစိဖြစ်သွားလို့ လွှတ်ပစ်လိုက်ရတယ်
ပဲမှုန့်အကျက်မုန့်နဲ့ကောလုပ်လို့ရလားမမ၀တ်ရည်
ထောရေ၊ တို့ဟူးကို ရေနွေးနဲ့ မမွှေရပါဘူး။ ရေနွေးနဲ့မွှေရင် မကျိုခင် ခဲသွားပါလိမ့်မယ်။ ရေအေးလေးနဲ့ပဲ ပဲစိမ်းမှုန့် အစေ့ပျောက်သည်အထိ မွှေပေးပါ။ ပြီရင် အဆက်မပြတ်မွှေပေးရပါတယ်။ နည်းနည်း မမွှေလိုက်တာနဲ့ တို့ဟူးက ခဲသွားတတ်လို့ပါ။ အအေးခံတဲ့အခါ မခဲဘူးဆိုတာ ချက်တုန်းက ရေကျန်နေတာကို ချလိုက်လို့ ပျော့သွားတာပါ။ ဒါကြောင့် နောက်တစ်ခါ ကျိုရင် ရေအေးနဲ့ အစေ့ပျောက်အောင် မွှေပါ။ ပြီရင် မီးနည်းနည်းဖြင့် အဆက်မပြတ်မွှေပေးပါ။ ညောင်းစေးပြီ အစိမ်းနံ့ပျောက်မှ အအေးခံပေးပါ။ ထပ်လုပ်စားကြည့်ပါအုန်း….
Thank you sister.
အခု လောလောဆယ် ဗိုက်ဆာနေတာ..
စားလိုက်ရလို့ကတော့ ရှယ်ပဲ..
အားပေးသွားလို့ ကျေးဇူးပါ။ မသိင်္ဂါကျော်အတွက် ချဉ်ချဉ်စပ်စပ် တစ်ပွဲ ပို့လိုက်ပြီနော်…
ပဲမှုန့်အစိမ်းကို ၂မိနစ်လောက်ကြိုရင် အစိမ်းနံ့ပျောက်လားဟင်..ကူးအရင်ကလုပ်တာအစိမ်းနံ့ထွက်နေတာ…မစားနိုင်လို့ လွှင့်ပစ်ရတယ်..
အစိမ်းနံ့ပျောက်အောင်ဘယ်လိုလုပ်ရသလဲပြောပြပါနော်။
မစန္ဒကူးမေ၊ အစိမ်းနံ့ထွက်တာက ကျိုတဲ့အခါ မကျက်သေးခင် ချလိုက်မိလို့ပါ။ ရေနည်းရင်လည်း အစိမ်းနံ့မပျောက်ခင် ညောင်းစေးသွားတတ်ပါတယ်။ ဒါကြောင့် ကျိုတဲ့အခါမှာ အစိမ်းနံ့ပျောက်အောင်ထိ မီးနည်းနည်းဖြင့် အဆက်မပြတ်မွှေပေးပါ။ အစိမ်းနံ့ပျောက်သွားပါလိမ့်မယ်… အစိမ်းနံ့လည်း ပျောက်ပြီ ရေမကျန်တော့ရင် တို့ဟူးကို အအေးခံလို့ ရပါပြီ။ ထပ်လုပ်စားကြည့်ပါနော်… 🙂
ဒါဆို တိုဟူးကျိုချိန်(၂) မိနစ်ဆိုတာ ဘယ်အချိန်ကိုပြောတာလဲ ညီမ..
နာရီဝက်နီးပါးမွှေတာတောင်အစိမ်းနံ့မပျောက်ချင်ဘူး..
မကူးရေ, ရေအေးထည့်တာ အရမ်းများသွားလို့ နာရီဝက်လောက် မွှေတာတောင် အနံ့မပျောက်တာပါ။ ရေမကျန်မှ အစိမ်းနံ့ကပျောက်တာပါ။ ဒါကြောင့် ရေကို သင့်တော်ရုံ ပဲစိမ်းမှနု့် ၁၅၀ ဂရမ်အတွက် ၆၀၀~ရ၀၀ မီလီလီတာ အတွင်းလောက်ပဲ ထည့်ရင် မီးနည်းနည်းဖြင့် ၂မိနစ်လောက် အဆက်မပြတ်မွှေရုံနဲ့ အနံ့ပျောက်ပါတယ်.. စမ်းကြည့်ပါအုန်းနော်.. 😀
ဝတ်ရည် ကျေးဇူးအထူးတင်ပါတယ်။ အကျိုလွန်လို့ခဲသွားတာကလွဲလို့အကုန်အဆင်ပြေတယ်။
Mrswin ရေနောက်တစ်ခါဆို ပိုအဆင်သွားမှာပါနော်.. တခြားဟင်းတွေလည်း လုပ်စားကြည့်ပါအုန်း.. 🙂
ကုလားပဲကို အင်္ဂလိပ်လိုဘယ်လိုခေါ် လဲဟင်။ အရင်တခါက အိန်ဒိယဆိုင်က ၀ယ်လာတဲ့ ပဲမှုန့် နဲ့ လုပ်တာ လုပ်မရလို့ ။ ပဲအမျိုးအစားမတူ လို့ ထင်တယ်နော်။
ပဲမှုန့် (Besan)
Thank you very much, Ma Wut Yee. I have tried the recipe and it really tastes delicious. Many thanks again and wish you all the best.
သက်ထားရေ တခြားချက်နည်းတွေလည်း စမ်းကြည့်ပါအုန်းနော်… ကျေးဇူးပါ.. 😀
မ၀တ်ရည်ရေ …ကျေးဇူးတင်ပါတယ်…
တို့ဟူးအရမ်းကြိုက်လို့ လုပ်စားချင်နေတာကြာပြီ… အခု မ၀တ်ရည် ရဲ့နည်းလေးနဲ့ အဆင်ပြေသွားတယ် ဆနွင်းမှုန့်နည်းသွားလို့ သိပ်မ၀ါတာပဲရှိတယ် 🙂
Thanks to Tin Nwe also!! 😀
kom: ဟူုး ထင်သလောက်မလွယ်ဘူး
heee 🙂
mine always turn out so soft 😦
ရေကျန်သွားလို့ပါ နန္ဒာရေ… နောက်တစ်ခါ လုပ်ကြည့် ရေမကျန်အောင် ကြိုးစားလုပ်ကြည့်ပါနော်…
မ၀တ်ရည်…ကျေးဇူးပါ…
မ၀တ်ရည်ရဲ့နည်းအတိုင်းတို့ဖူးကျိုတာ…အားလုံးအဆင်ပြေသွားတယ်
😀
တို့ဟူးသုပ်စားချင်နေတာကြာပြီ အခုမှ အမဝတ်ရည် နဲ့တွေ့မှပဲ စားဖြစ်တော့တယ်
အမရေ…..
ကျေးဇူးတင်တယ်နော် အမ
🙂
မ၀တ်ရည်
တို့ဟူးကြော်ကိုကော ဒီတိုဟူးအတိုင်း ကြော်လို့ရလား…သိချင်လို့ပါ..
ဝင်းပပရေ တို့ဟူးကြော်ရင်လည်း ဒီတို့ဟူးကိုပဲ ဆီများများနဲ့ ကြော်လိုက်ရုံပါပဲ..
ကုလားပဲ က အမှုန့်မရှိဘဲ ပဲခြမ်းစိမ်းပဲ ရှိနေတယ်၊
အဲ့ဒါ ဘယ်လိုလုပ်လို့ ရမလဲ….
ပြောပြပေးပါလား….
How many servings do you get from this recipe? I am guessing that 150g of besan is about 2 cups. Can you please confirm? Thanks Sis!
yes.. 150g nearly equal with 2cups…. 😀 Thanks sis too
Do you happen to know preparing the salad in Shan style? If I am right, it uses vinegar instead of tamarind. Could you also post that if not trouble you so much? Maybe you could reply to this comment? 😛
Once again, thanks sis!
ဝတ်ရည် သုတ်ရင်တော့ မကျဉ်းရည်ပဲ ထည့်ပြီ သုတ်တာများတယ်။ ရှမ်းလိုသုတ်တာတော့ မသိဘူး။ ဗီနီကာထည့်လည်း ချဉ်တာချင်တော့ အတူတူပဲမို့ မကျဉ်းရည်အစား ဗီနီကာ ထည့်လည်း ရပါတယ်…:D
အမရေ ကျွန်တော်လွမ်းပိုင်ရှင်ပါ ဆက်သွယ်လို့ရမယ်ဆိုရင် ဆက်သွယ်ပေးပါနော် ခွင့်တောင်းစရာလေးရှိလို့ပါ လေးစားလျှက် (ဆက်သွယ်ရန်) lwanpaishin@futurestars-mm.org ပါ
အမရေ..
ထိုဖူးပေါတဲ့ ရှမ်းပြည်မှာတော့ သုပ်တာတမျိုး..
ကြက်သွန်ဖြူဆီချက်ရယ်.၊ ကြာညို့ခေါ်တဲ့ ပဲငံပြာရည်အကြည်နဲ့ ကြက်သွန်ဖြူကိုထောင်ပြီး ရေရောထားတဲ့ ကြက်သွန်ဖြူရည် ထဲ့ကြတယ်..ပြီးတော့ ပဲရည်မကျိုခင် စစ်ထားတဲ့ ပဲချဉ် အနှစ်ကလေးလဲ ထဲ့ကြတယ်…. ကျန်တဲ့ အဆာပလာတွေ ထဲ့တာတော့ တူတူပါပဲ .ရှောက်ရွက်ထဲ့သုပ်တာတော့ မစားဖူးသေးဘူး…ပဲမှုန် ၊မန်ကျည်းရယ်.ကြက်သွန်နီ ဆီချက်ထဲ့တာကျတော့ ဗမာသုပ်လို့ ခေါ်ကြတယ်..
ရှမ်းပြည်မှာ သုပ်တဲ့ တို့ဟူးသုတ်လေးလည်း ကြိုက်တယ်.. 🙂
ညီမလေးရေ..
တို့ဟူးကို စမ်းပြီးလုပ်ကြည့်အုံးမယ်..တစ်ခါမှမလုပ်ဖူးဘူး..
သူကလုပ်ရတာလွယ်ပေမယ့် တော်တော်သတိထားရမယ်နော်..
ပြီးမှ ချဉ်ငန်စပ်စပ်ကလေးသုပ်စားမယ်..
ကျေးဇူးညီမလေး
🙂
Plz try it မခင်ယမုံ.. 😀
မ၀တ်ရည်
ပဲမှုန့်အကျက်မုန့်နဲ့ကောလုပ်လို့ရလား
ဟုတ်ကဲ့ရပါတယ်..
Thank you so much for the recipe. I would like to suggest that to use the measurement with the global international standard such as ( for the liquid, liter or oz or cup and (for the solid measurement gram or lb) will be helpful for the people from oversea and around the world. That စားပွဲတင်ဇွန်း ၂ဇွန်း is not the standard and make confuse. Because of there are different types of table spoons in the list of culinary course. Thank you so much.
there are a lot of teaspoon and table spoon measures you can buy from grocery stores or supermarkets.. teaspoon, tablespoons are also widely used world wide.. i guess.. 🙂
မရေ …အပေါ်ကအတိုင်းလုပ်ကြည့်တယ်..အေးသွားတော့အခဲလေးမဖြစ်ဘူး…ပျော့ပြီးပြဲနေတယ်..ရေကုန်လောက်ပြီထင်မှအိုးကိုချလိုက်တာပါ.. 😦