မြန်မာဟင်းလျာ ချက်ပြုတ်နည်းများ
တရုတ် မနက်စာ ချက်ပြုတ်နည်းများ
တရုတ်ဟင်းလျာ ချက်ပြုတ်နည်းများ
-
ပြည်ကြီးငါး နှင့် ခရုဆီ
-
ကြက်တောင်ပံ အစားသွပ်
-
ဝက်သားတုတ်ထိုး အိမ်မှာလုပ်စားကြည့်ရအောင်
-
ဝက်စတူး နှင့် မုန့်ညှင်း
-
ကြက်ကောက်ညှင်းအစားသွပ်
-
ကြက်ကုန်းဘောင်ကြီးကြော်
-
တရုတ်ထမင်းကြော် တမျိုး
-
ထမင်းပေါင်း
-
ပုဇွန်ကော်ပြန့်စိမ်း
-
ငါးဖယ်အစားသွပ် ကြက်ဥလိပ်ကြော်
-
ပုဇွန် နှင့် မှိုပေါင်း
မချိုဝတ်ရည်
ချက်ပြုတ်နည်းအကြောင်းတင်ပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်
မဝေ
Ma wai is welcome! 🙂
အစ်မကို အများကြီးကျေးဇူးတင်ပါတယ် . . .
ကျွန်တော်က ထမင်းဟင်းချက်ရတာကို အရမ်းဝါသနာပါတယ်ဗျ . . .
အိမ်မှာဆိုရင်အားပြီဆိုတာနဲ့ ကျွန်တော်ကချက်ကျွေးနေကျ
အစ်မလို ကိုယ်တတ်ထားတဲ့ပညာကို အများသူငါကို ဝေမျှပေးတဲ့အတွက် အများကြီးဂုဏ်ယူပါတယ်…
နောက်လည်းဖြစ်နိုင်ရင် အစားအသောက်အသစ်အဆန်းလေးတွေတင်ရင် ကျွန်တော်ကိုလည်း ပို့ပေးပါဦးနော် . . .
များများမျှဝေပေးနိုင်ပါစေလို့ အစ်မကိုဆုတောင်းပေးလိုက်ပါတယ် . . .
Phoe Zin ရေ ကျေးဇူးပါ။ ဟုတ်ကဲ့ အစားအသောက် အသစ်တင်တိုင်း သိနိုင်အောင် email subscription လုပ်သွားပါအုန်းနော်။ ၀တ်ရည်လည်း အတတ်နိုင်အောင် ဟင်းအသစ်အဆန်းတွေကို တင်သွားပေးပါမယ်.. 🙂
ကျေးဇူးအထူးတင်ပါတယ် မချိုဝတ်ရည်
ဝက်အူချောင်း လုပ်နည်း သိချင်ပါတယ်၊တင်ပေးမယ်လို.မျှော်လင့်ပါတယ်။
စောင့်နေမယ်နော်
ဟီးဟီး.. ၀က်အူချောင်းတော့ မလုပ်တတ်ဘူး။ ၀ယ်ပဲ စားတတ်တာ… 🙂
အမရေ
မုန့်ကျွဲသဲလုပ်နည်းလေး သိချင်လို့လေ…..တင်ပေးနိုင် မရ်လို့မျှော်လင့်ပါတရ်..ကျေးဇူးပါပဲ..
ဟုတ်ကဲ့.. ၀တ်ရည်တော့ မလုပ်ဖူးပေမယ့် လုပ်နည်းလေး တင်ပေးပါမယ်.. 🙂
အမရေ အမဲနှပ်ကောင်းကောင်း လုပ်စားချင်လို
နည်းလမ်းပေးပါအုန်း
အစ်မ . . .
ဒီရက်ပိုင်းကျွန်တော်လည်း အလုပ်များနေတာနဲ့ အစ်မရဲ့ဆိုဒ်ကို မ၀င်ဖြစ်ဘူးဗျ . . .
ကျွန်တော်ကို ဟင်းအသစ်တင်တိုင်း ပို့ပေးမယ်ဆိုလို့ ကျေးဇူးတင်ပါတယ် . . .
Email Subscription လည်းလုပ်ထားပါတယ် . . .
နောက်ထပ်ပိုသေချာအောင်လို့ ဒီမေးလေးနဲ့လည်း ပို့ပေးပါဦးနော်
့hearheart.143@gmail.com
ကျေးဇူးအများကြီးတင်ပါတယ် အစ်မရေ
တကယ်လို့အစ်မရဲ့လက်ရာကိုအပြင်မှာစားခွင့်ကြုံရင် စားလိုက်ချင်သေးသဗျာ ……
Phoe Zin ရေ အီးမေး subscription လုပ်ထားရင် ဟင်းသစ်တင်တိုင်း auto ပို့ပေးပါတယ်။ အားရင်လည်း ဟင်းတွေ ချက်စားကြည့်ပါနော်..:)
အမ ရေ….
ကျွန်တော်က Israel က ပါ။ အမရဲ့ ဟင်းချက်နည်းတွေ၊ မုန့် လုပ် နည်းတွေ ကို ဖတ်ခွင့်  ရ တဲ့ အတွက် အမကိုကျေးဇူးအများကြီတင်ပါတယ်။ မပင်ပန်းဘူးဆိုရင် အီကြာကွေး လုပ်နည်းလေးပြောပြပေးပါဦး။ တအားစားချင်နေလို့ ပါဗျာ။ ကျွန်တော့်  ရဲ့ email က uooswar@gmail.com ပါ။
UooSwar ရေ အီကြာကွေးလုပ်နည်း ရော၊ လုပ်ပုံပါ တစ်ကွ နောက် တစ်ပတ်ထဲ တင်ပေးပါမယ်… တင်ပြီးရင်လည်း အီးမေးနဲ့ အကြောင်းကြားလိုက်ပါမယ်.. 🙂
ကျွန်တော် လည်းဘဲ အီကြာ ကွေး ဂျုံ လုပ်နည်း လေးသိချင်တယ်ဗျ.ကျွှန်တော်အခု ဒူဘိုင်ကို ရောက်နေတော့ညီမရဲ့ blog က တကယ်ကို အများကြီး အထောက် အကူပြုတယ်.Star Resources ကျောင်းထွက်ထဲ မှာ ညီမတစ်ယောက်ဘဲ ချက်နည်းပြုတ်နည်း blog ကို ကောင်းကောင်း နဲ့  သပ်သပ် ရပ်ရပ်လုပ်နိုင်တာတွေ့ ရတယ်….တကယ်ကို လေးစာပါတယ်…….
ကျေးဇူးးအများကြီးတင်ပါတယ် အမရေ ။ စောင့် ပြီးတော့ ကို လုပ်စားပြစ်လိုက်ဦးမယ်ဗျာ။ ဂျုံ (၂) ကီလိုလောက် ဟဲဟဲ…..
No problem 😛
I also want to know how to make Ei Kyar Kwee. Tks.
မ၀တ်ရည်
အမ ချက်တဲ့ ဟင်းနည်းလေးတွေကို အရမ်းကြိုက်တယ် အခုတလော ကာဆင်ဘိုင် ကြက်သားသုပ် သုပ်စားချင်စိတ်ပေါ်နေလို့ နည်းလေးသိရင် မျှဝေပါအုန်းနော်
အားပေးလျှက်
ပန်းအိ
ပန်းအိရေ၊ ကာဆင်ဘိုင် ကြက်သားသုပ် ဆိုတာ ဘာကို ပြောတာလဲ မသိဘူး.. ၀တ်ရည် မကြားဖူးလို့ပါ.. 🙂
good work
ွှThanks Ma Mee!:)
u r requested to launch pork leg soup if possible, thanks
ဝက်ခြေထောက် စွတ်ပြုတ် တင်ပေးလိုက်ပါ့မယ်… 🙂
when can i c my requested “pork leg soup” menu?
Ko Ko aung ရေ ဆော်ရီးနော်.. ခုမှပဲ ၀က်ခြေထောက်စွတ်ပြုတ် ချက်နည်းကို တင်ပေးနိုင်လို့ပါ… ချက်နည်းကို https://getacookrecipe.wordpress.com/2010/12/06/၀က်ခြေထောက်စွတ်ပြုတ်/ ရေးပေးထားတယ်နော်.. လုပ်စားကြည့်ပါနော်
တော် လိုက် တာ
ကျေး ဇူး ပါ
ွှThanks 😛
ဝတ်ရည်
ဒီနေ့ ကြက်ခြေထောက် တုံယမ်းစွပ်ပူချက်သောက်တယ်။ ထင်ထားတာထက် ပိုကောင်းတယ်ဝတ်ရည်ရယ်။ အုန်းနို့တော့မထည့်လိုက်ဘူး။ ချဉ်စပ်မဖြစ်ဘဲချိုသွားမှာစိုးရိမ်လို့လေ။ အုန်းနို့ထည့်ရင် အရသာက ဘယ်လိုလဲတော့မသိဘူး။ တော်ကြာမကြိုက်ကြရင် ဘယ်သူမှမစားမှာစိုးလို့။ အခုတော့ အားလုံးကကြိုက်ကြတယ်။ ကြက်ခြေထောက်ကိုက်ရင်း ၀တ်ရည်ကို ကျေးဇူးတင်နေမိတယ်။ ဒီဆိုက်လေးက စံကို နေ့တိုင်းထမင်းစားမိန်စေတဲ့အတွက် ထမင်းစားတိုင်း ၀တ်ရည်ကို သတိရနေမှာပါ။ ကျေးဇူးလည်းတင်ပါတယ်နော်။
ကျေးဇူး အများကြီး တင်ပါတယ် စံစံရေ…. အမြဲတမ်း ထမင်းမြိန်နဲ့ နေ့လေးများ ဖြစ်ပါစေ… 🙂
အစ်မရေ….ကျွန်တော်တစ်ခုသိချင်လို့ …ပဲပြုတ် ပြုတ်နည်းဘဲ
ဘာ ပဲကို ပြုတ်ရတာလဲ….အဲဒီပဲ ရဲ့ english ခေါ်အဝေါ်ကရော
ဘာလဲ သိချင်လို့ ပါ…ကျွန်တော် ဒူဘိုင်းမှာ မြန်မာ ပဲပြုတ်စားချင်လို့ 
တိုင်ပတ်နေတယ်ဗျာ….တတ်နိုင်ရင်တော့ ကူညီပါဦးကွယ်….
စားတော်ပဲ ကိုဒီမှာတော့ indianဆိုင်တွေမှာ vatana လို့မေးပြီးဝယ်ရင်ရတယ်။(သူငယ်ချင်းတယောက်ပြောပြတာ။) yellow peas လို့လည်းခေါ်တယ်။
ပဲပြုတ်ပြုတ်ဖို့ကတော့ အချိန်၃ ရက်လောက်ယူရပါတယ်။
၁. yellow pea ကို ၁ ရက်လောက်ရေစိမ်ထားပါ။
၂. ရေစစ်ပြီး နာရီဝက်လောက်လေသလပ်ခံပါ။
၃. သန့်တဲ့အဝတ်နဲ့ ထုပ်ပါ ။ (မှတ်ချက်။ အရမ်းကြပ်နေအောင်မထုပ်ပါနဲ့)
၎. ပြီးနောက် နေရောင်လုံတဲ့နေရာမှာ ၂ ရက်လောက်ထားပါ။
(၂) ရက်ပြီးလို့ထုပ်ကြည့်ရင် ပဲမှာအညှောင့်ကလေးတွေထွက်လာတာတွေ့ပါမယ်။
၅. ပြီးရင် ပဲကို ဆားအနည်းငယ်ဖြူး ၊ ဆိုဒါမှုန့် အနည်းငယ်ရောပြီး အိုးနဲ့ပြုတ်ရပါမယ်။
ဆိုဒါမှုန့်ပမာဏက — yellow pea (500g) ဆိုရင်လက်ဘက်ရည်ဇွန်း ၁ ဝက်လောက်ပဲထည့်ရပါမယ် ။
ပြုတ်တဲ့အခါမှာလဲဘယ်လိုနည်းနဲ့ပြုတ်တယ်ဆိုတာမူတည်ပါတယ်။
pressure cooker နဲ့ပြုတ်ရင် ၃၀-၄၀ မိနစ်လောက်ထားပြုတ်ပါ။
rice cooker နဲ့လဲ ပြုတ်လို့ရပါတယ်။ ဒါပေမဲ့ နည်းနည်းမွှေပေးရပါမယ်။
Hi sis,
How much water should i add for “telephone brand, agar agar powder”? Thanks alot for u reply.
Victoria ရေ Telephone brand agar အထုပ်သေးတစ်ထုပ်ကို ရေ ၃လီတာလောက် ထည့်ရပါမယ်။ ရေ၁လီတာ = ရေသန့်ဗူး ၁ဗူးစာ.. 😀
မ၀တ်ရည်….ဒင်းဆမ်းလုပ်နည်းလေး ရှိယင် မျှပါအုံး…
ဒင်းဆမ်း အိမ်မှာ လုပ်စားချင်လို့ပါ…
တင်ပီးသားဆိုယင်လဲ လင့်ပြန်ပေးပါခင်ဗျာ..
ဝတ်ရည်လုပ်ထားတဲ့ ဒင်းဆမ်း လုပ်နည်းတွေပါ
နိုင်လွန်ပုဇွန်
ဝက်သားပေါင်း (Dimsum)
ဝက်သားပေါက်စီ
ကြက်သားပေါက်စီ
ဟင်းတွေစုံလွန်းလို့ဘယ်လိုကျေးဇူးတင်ရမှန်းကိုမသိဘူး တော်တော်ကို တော်တဲ့ blog ပိုင်ရှင်လေးပါ ပဲ
ဖြိုးတော့ မြှောက်ပြောနေပြန်ပြီ.. ကျေဇူးတင်တဲ့ အနေနဲ့ ကြိုက်တဲ့ဟင်းတွေ အားလုံး အ၀စားသွားနော်.. 🙂
ah yan kyite par tel.
Thanks par.. 😀
မ၀တ်ရည်ရေ ရှမ်းခေါက်ဆွဲနဲ့ မြီးရှည်လုပ်နည်းလေးသိရင် ပြောပြပေးပါနော်။ ကျေးဇူးအထူး
ဝေရေ ရှမ်းခေါက်ဆွဲ လုပ်နည်းလေးတော့ တင်ထားပေးတယ်… https://getacookrecipe.wordpress.com/2010/06/14/ရှမ်းခေါက်ဆွဲ
Hi Wut Yee,
Pls share me how to cook crab for myanmar taste.
Tks,
DareDevil
ဝတ်ရည်ခုတစ်လော အရမ်းအလုပ်များနေလို့ ခုမှ စာပြန်ဖြစ်တာပါ။ တင်ပေးလိုက်ပါ့မယ်
အမရေ
ကြေးအိုးချက်နည်းလေးသိရင်လဲ ပြောပြပေးပါနော်။ကျေးဇူးပါနော်။
ဟုတ်ကဲ့ ဒီတပတ်အတွင်း ပြန်ဖြေပါ့မယ်နော်… 😀
hi ah ma wutyee,
where can i find အီကြာကွေး receipe?
အီကြာလုပ်နည်း တင်ပေးလိုက်တယ်နော်…
အီကြာကွေ အတွက် ပါဝင်သောပစ္စည်းများ
၁။ ဂျုံ ၂၀၀ – ဂရမ်
၂။ ဆိုဒါ (Baking soda) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၃။ baking powder – လက်ဖက်ရည်ဇွန်း ၁ဇွန်း (Double action ဆိုရင် ပိုကောင်းပါတယ်)
၎။ ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၅။ ရေ – ဆန်ချိန်ခွက် တ၀က်
၆။ ကောက်ညှင်းမှုန့် – အနည်းငယ်
အီကြာကွေ ပြုလုပ်နည်း
၁။ အရင်ဆုံး ပါဝင်သောပစ္စည်းများ ဖြစ်သော ( ရေ၊ ဆား၊ ဆိုဒါ) တို့ကို ဇလုံ တစ်ခုထဲမှာ အရင်ခလောက်လိုက်ပါ။
၂။ ပြီမှ ဂျုံနှင့် baking powder ထည့်ပြီ သမအောင် နုယ်လိုက်ပါ။ (ဂျုံဒိုးသား မမာ၊ မပျော့ အနေထားမှာ ရှိ၇မည်)
၃။ ဂျုံဒိုးသား နူးညံ့သည်အထိ ရောနုယ်ပေးပါ။
၎။ ထို့နောက် ဂျုံဒိုးသားကို လေးထောက်အတုံး လုပ်၍ ဆီသုပ်ထားသော ပလပ်စတစ် ဖြင့်လေလုံအောင် ပတ်ထားလိုက်ပြီ ၄နာရီ ကြာအောင် နုပ်ထားလိုက်ပါ။ ရေခဲသေတ္တာထဲ ထည့်၍ တစ်ညသိပ်လျှင် ပိုကောင်းသည်။
၅။ ၄နာရီ ထားပြီနောက် ဂျုံဒိုးကို ကောက်ညှင်းမှုန့်များ ဖြူးပေးပါ။
၆။ ပြီးလျှင် ဂျုံတုံးကို အပြားအရှည် ဖြစ်အောင် တလိမ့်တုံးဖြင့် လိမ့်လိုက်ပါ။
ရ။ ပြီးမှ (၃”အရှည်အရွယ်) အပြား နှစ်ပြားလှီးလိုက်ပြီ ထပ်လိုက်ပါ။ အလယ်မှ တူဖြင့် အပြား နှစ်ပြားကပ်အောင် အနည်းငယ် ဖိလိုက်ပါ။
၈။ ဒယ်ထဲ ဆီ များများ ထည့်၍ ဆီပူလာမှ တူဖြင့် ဖိထားသော အပြားကို အီကြာကွေ အရွယ် အရှည် ဖြစ်အောင် လက်ဖြင့် ဆွဲ၍ ဆီပူကြော်အိုးထဲ ထည့်ကြော်လျှင် အီကြာကွေများ ဖောင်းတက်လာပါလိမ့်မည်….
အစ်မကို အများကြီးကျေးဇူးတင်ပါတယ် . . .
မဒီက ထမင်းဟင်းချက်ရတာကို အရမ်းဝါသနာပါ ပါတယ် . . .
အိမ်မှာဆိုရင်အားပြီဆိုတာနဲ့ ချက်ကျွေးနေကျ
အစ်မတတ်ထားတဲ့ပညာကို အများသူငါကို ဝေမျှပေးတဲ့အတွက် အများကြီးဂုဏ်ယူပါတယ်…
နောက်လည်းဖြစ်နိုင်ရင် အစားအသောက်အသစ်အဆန်းလေးတွေတင်ရင် မဒီ့ကိုလည်း ပို့ပေးပါဦးနော် . . .
များများမျှဝေပေးနိုင်ပါစေလို့ အစ်မကိုဆုတောင်းပေးလိုက်ပါတယ် . . .
မယ်မဒီကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်… 😀
Ah Ma yal
Kyaw su pyu pi ” hta ma nel htoo nee ” lay lal tin par ohn naw.
Thank you par bal.
ဟုတ်ကဲ့ ထမနဲထိုးနည်း တင်ပေးပါမယ်..
မချို
မချို တင်ပေးထာတဲ့နည်း အတိုင်း ၀က်သားတုတ်ထိုး လုပ်စား ပါတယ်၊၊
(ကျွန်တော့်အတွက်) စားဖူး သမျှ ၀က်သားတုတ်ထိုးတွေ ထဲမှာ အကောင်းဆုံးပါပဲဗျာ။
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။
ပါပလာကြော် အရွက် လုပ်နည်းလေးသိရင် တင်ပေးပါဦးဗျာ၊နော်…
ကျေးဇူးတွေအများကြီးအများကြီးအများကြီး တင်ပါတယ်။
ဟုတ်ကဲ့ တင်ပေးလိုက်ပါမယ်။။ ကျေးဇူးပါ
အမဝတ်ရည်ရဲ့  ဟင်းတွေကြည့်ပြီး ချက်ကျွေးတာ ကြိုက်ကျလို့ အမကိုကျေးဇူးအ၇မ်းတင်ပါတယ် ..ညီမက အိမ်မှာစားဖိုမှူးတာဝန်ယူထား၇လို့ ညီမလေးကဟင်းချက်တာအစကကောင်းဘူးအခုမဝတ်ရည်ကျေးဇူးကြောင့် ဟင်းချက်လက်ရာ ကောင်းလာလို့  အမကိုကျေးဇူးတင်ပါတယ် အိမ်က အဖိုးအဖွားတွေကတောင်ချီးကျူးနေပြီ အဟီး… ငါးသလောက်ပေါင်းနည်းလေးလဲတင်ပေးပါလားအမရေ …အမရဲ့ ပညာတွေကိုအ၇မ်းလေးစားဂုဏ်ယူပါတယ်
နှင်းလေး ရေ ၀တ်ရည်ဟင်းတွေ ချက်တယ်ဆိုလို့ ကျေးဇူးပါနော်…. ငါးသလောက်ပေါင်း ချက်နည်းလေး နောက်ကျတင်ပေးပါ့မယ်နော်.. 😀
Hi sis!!
Can I ask how to cook coconut noodle??
Let me share all the recipes…
Thank Q 🙂
အုန်းထမင်း ချက်နည်း https://getacookrecipe.wordpress.com/2011/04/19/အုန်းထမင်းနှင့်-ကြက်သား/ မှာတင်ပေးထားပါတယ်.. 😀
အစ်မရေ
သမီးက ကြေးအိုးဆီချက်အရမ်းကြိုက်တာ
ကြေးအိုးဆီချက် ချက်နည်းလေးတင်ပေးပါလား….ဟင်
ဟုတ်ကဲ့ တင်ပေးပါ့မယ်။ တင်မယ်တင်မယ်နဲ့ ခုထိ မတင်ဖြစ်သေးလို့.. 🙂
အစားအစာကို ပေါ့ပေါ့ပါးပါးလုပ်ရပြီး စားကောင်းတာကို ပိုကြိုက်တယ်အမ
မြန်မာစာကလွဲလို့
ဟင်းချက်ခါနီးရင် ဟင်းအမယ်ကို လွယ်လွယ်ကူကူဝယ်လို့ရတဲ့ဟာဆို အဆင်ပြေတယ်
တကူးတကရှာဝယ်ရတာဆိုရင် ပျင်းပြီးမချက်ဖြစ်တော့ဘူး
ညီမက လုပ်စားဖြစ်ဖြစ်မလုပ်ဖြစ်ဖြစ် အမတင်သမျှ ကြိုက်မယ်ထင်တဲ့အကုန်လုံးကို print ထုတ်ပြီး စာအုပ်ထဲမှာမှတ်ထားတက်တယ် ဟင်းချက်နည်းသင်တန်းတက်ချင်တာ အချိန်မရလို့လေ အမဟင်းချက်နည်းတွေတင်ပေးတဲ့အတွက် ကျေးဇူးပါ
နောင်များများတင်ပေးနော်
စားကောင်းမယ်ထင်တာတွေပေါ့
တစ်လကို ဟင်းချက်နည်းဘယ်လောက်တင်ဖြစ်လဲအမ
သရေစာပေါ့နော် အဲ့လိုမျိုးထဲက ကောင်းမယ်ထင်တာလေးလဲတင်ပေးနော်
အမရေ ကိုရီးယားကြက်အူချောင်းတို့ ဘာတို့ကို ကင်ရင် အပူဘယ်လောက်နဲ့ အချိန်ဘယ်လောက်ထားရမလဲဟင် ပြောပြပေးပါအုံးနော်
ဝတ်ရည် ကင်နေကျတော့ ကင်ပြားကို ဆီအနည်းငယ် အရင် သုတ်ပေးပါ။ ပြီမှ ကြက်အူချောင်းကို ကင်ပြားပေါ်တင်ပြီး မီးအသင့်တင့်နဲ့ ကျက်သည်အထိ တဖက်စီလှန်ပြီ ကင်လိုက်ရုံပါပဲ။ အချိန်က ၂မိနစ်လောက်ဆို ရပါပြီ ဟန်လေး.. 🙂
ကျေးဇူးပါအမ အပူချိန်ကို ဘယ်လောက်ထားရမလဲ ဖြေပေးပါအုံးနော်
အမ ဟင်းချက်နည်းWebsite က မြန်မာချစ်သူမိသားစုအပြင် ဘာရှိသေးမလဲမသိဘူးနော်
ညီမက အဲ့လိုဟင်းချက်နည်းကို ၀င်ကြည့်ရတာဝါသနာပါလို့လေ သိတာကလည်းဒီ2ခုပဲ
ှရှိလို့ ကျေးဇူးပြုပြီးအမသိရင်လည်း ပြောပြပေးပါနော် အမwebsite ကိုတော့ပိုအားပေးတာပေါ့နော်
ဟုတ်ကဲ့ ၀တ်ရည်သိတဲ့ တခြားဟင်းချက်ဘလောက်တွေက
မလုလု http://lulucooking.blogspot.com/
ထမင်းအိုး http://mogaungthu.blogspot.com/
စုဘူးအိမ် http://subuueain.blogspot.com/
တွေပါ။ မလုလုဟင်းချက်ဘလောက်ကတော့ ဟင်းတွေ တော်တော်စုံတာမို့ ဟန်လေး သဘောကျပါလိမ့်မယ်.. ကျေးဇူး.. 🙂
ညီမက 0ven နဲ့ ကင်မှာမလို့ပါအမ အပူချိန်ကို ဘယ်လောက်ထားရမလဲလို့ ဖြေပေးပါအုံးနော်
0ven နဲ့ကင်ရင် ၀တ်ရည် အချိန်တိုတိုနဲ့ မြန်မြန်ကျက်ချင်ရင် ၀တ်ရည် ပုံမှန် ၂၀၀ဒီဂရီလောက်ထားတယ်။ ဒါပေမယ့် အထဲက အသားတွေပါ ပိုနူးစေချင်ရင် ၁၈၀နဲ့ ကြာကြာကင်ပေးပါ… 🙂
Ma Wut Yee,
Could I know how to make yoghurt at home easily?
ရိုးရိုး နွားနို့ကျိုပြီ ခပ်နွေးနွေးမှာ ဒိန်ချဉ် စားပွဲတင်ဇွန်းလောက် ထည့်လိုက်ရင် ဒိန်ချဉ် ဖြစ်သွားပါလိမ့်မယ်..
အမ၀က်ဆိုက်ဒ် က အကောင်းဆုံးပဲအမ တခြားတွေကိုဝင်ကြည့်ပြီးပြီ ဘာတွေမှန်းမသိဘူး ဟင်းချက်နည်းကနည်းနည်း စကားတွေကများများ ဆိုင်ကဓါတ်ပုံတွေပဲတင်ထားတာ
ကျေးဇူးပါ.. ဟီးဟီး မုန့်ဝယ်ကျွေးမယ်…
ယိုးဒယားဟင်းချိုလုပ်နည်းတင်ပေးပါလားအမ
ဟန်လေးရေ ယိုးဒယား တုံယမ်းဟင်းချိုလုပ်နည်းတော့ တင်ထားတယ်။ တခြား ဟင်းချိုတွေလည်း တင်ပေးပါ့မယ်.. 😀 https://getacookrecipe.wordpress.com/2010/10/12/ကြက်ခြေထောက်-တုံယမ်းဟင်/
de lo recipe ko share de a twat Ma Wut Yee ko kyay zu a myar gyi tin par dal..
I have been very much interested in cooking. And could I faithfully request to have Mar Lar Hinn recipe please (a Sijuan Chinese food that have been popular in Ygn roadside shops) cos I love it so much. I think, there are lots of people keen to learn it too..
Thank you very much
With love
Your big fan..
Zeta ရေ မာလာဟင်း ၀တ်ရည်လည်း ကြိုက်တယ်။ ဒါပေမယ့် ၀တ်ရည် အမြဲလုပ်စားဖြစ်တာတော့ မာလာဟင်း Ready Made ထုပ်ဝယ်ပြီ ကြိုက်ကြိုက်တဲ့ ခေါက်ဆွဲ၊ အသားလုံးတွေထည့်ပြီ ချက်စားတာပါ။ ချက်နည်း အတိအကျတော့ သိဘူး။ ဒါပေမယ့် ရှာဖွေပြီ ပြန်ပြောပေးပါ့မယ်။ အမြဲအားပေးလို့ ၀တ်ရည်ကလည်း ကျေးဇူးပါ..:P
အချိုးအစားတွေတိတိကျကျထည့်  ပေးထားတော့ လုပ်၇တာလွယ်တာပေါ့ နော်။ဖတ်ခွင့်၇တာကျေးဇူးတင်မိပါတယ်။ပို့ ပေးတဲ့ ညီမလေးကိုေ၇ာပေါ့ 
ဝတ်ရည်ကလည်း အားပေးလို့ ကျေးဇူးးပါနော်.. 😛
အစ်မကိုအများကြီးကျေးဇူးတင်ပါတယ်. အခုလိုမျိုးဟင်းချက်နည်းတွေသိခွင့်ရတဲ့အတွက် နောင်လည်းများများတင်နိုင်ပြီး ဒီ့ထက်မကအောင်မြင်ပါစေနော်…
ah ma yae chat nee tway ko kyi tar nae tin bite sar lar p!!!!
ke chat kway toh naw!!!
lar sar mae!!!!
heee ဟုတ်ကဲ့ အားလုံးကို တကယ်ချက်ကျွေးချင်တာပါ… လာစားနော်.. 🙂
တော်လိုက်တာ ၀တ်ရည်ရယ်.. ချက်ပြုတ်နည်းလေးတွေရော..ချက်ပြီးတင်ထားတဲ့ပုံလေးတွေရော အားလုံးဂွတ်ရှယ်ဘဲ
စင်ဒီလဲ အစားကောင်းစားချင်တိုင်း ဒီကိုဘဲ လာလာပြီး သွားရည်ကျနေရတယ်
ကျေးကျေးပါဝတ်ရည်ရေ..
Thanks:D
မမဝတ်ရည် ရေ…ငှက်ပျောသီးဆနွင်းမကင်း လုပ်နည်းလေးလည်း သိရင် တင်ပေးပါဦးနော်..ကျေးဇူးပါ..
နောက်ကျ ၀တ်ရည် တင်ပေးပါ့မယ်.. 🙂
မ၀တ်မှုံရေ
ချက်ပြုတ်နည်းတွေကို ဖတ်ရတာ အရမ်းကျေးဇူးတင်တယ်
ထပ်ပီးတော့ ဆနွန်းမကင်းဖုတ်နည်းလေးလည်း တင်ပြပေးပါအုံး ။
ဟီးဟီး ဆနွင်းမကင်း ဖုတ်နည်းလေး ကြိုးစားပြီ တင်ပေးပါမယ်။ ဒါပေမယ့် ၀တ်ရည်ကိုယ်တိုင်ကလည်း တခါမှ မလုပ်စားဖူးဘူး။ ဒါနဲ့ ၀တ်မှုံဟုတ်ဖူးနော်၊ ၀တ်ရည်။ ၀တ်ရည်အမွှာညီမ နံမည်ကမှ ၀တ်မှုံ။ ဒါပေမယ့် တူတူပါပဲ.. Thank you too.. 😀
အီကြာကွေးလုပ်နည်းရှာလို့  မတွေ့ ဘူးဖြစ်နေတယ်ဗျာ …
လုပ်နည်းလေး တင်ပေးပါအုံး …
ကျေးဇူးတင်စွာဖြင့် …
Sorry ဗျာ… လောသွားလို့ 
ဟီးဟီး ရှာလို့ တွေ့ သွားပြီ …
Thanks a lot … 🙂
😀
မြန်မာဟင်းလေးတွေပိုပြီးစုံစုံလေးတင်စေချင်ပါတယ်အမ .. ဒါဆိုနိုင်ငံခြားရောက်နေတဲ့လူတိုင်းအတွက်အဆင်ပြေတာပေါ့နော် .. မြန်မာတွေနေ့စဉ်စားသုံးချက်နေကြဟာလေးတွေ .. ခရမ်းသီးနှပ် .. ပဲဟင်း တို့လိုပေါ့ .. Whatever .. Thx for this blog ..
ok sis I will try to post Myanmar Recipe also! 🙂
အိမ်မှာ ဒီ Blog ကြည့်ကတည်းက ပာင်းမထပ်တော ၀ူး 🙂
Dear Ma Wutyee… if you don’t mind kindly share us how to do the Hot Pop..Thanking you in advance !!!
ok I will post Hot pot recipe soon. Thanks 🙂
မ၀တ်ရည်
ပဲကြော်သုတ် နည်းလေးရှိရင် တင်ပေးစေချင်ပါတယ်။
မီးမီးရေ ပဲကြော်သုတ်က ကြက်သွန်နီ ပါးပါးလှီး၊ ငရုတ်သီးစိမ်း ၂ထောင်း လှီးထည့်၊ ဆီနည်းနည်း၊ ဆားနည်းနည်း ထည့်သုတ်ရုံပါပဲ.. 🙂
အစ်မ..ရေ
ကျေးဇူးအများကြီးတင်ပါတယ်….
Thanks you too! 🙂
အစ်မရေ…
ဆနွင်းမကင်းလုပ်စားချင်လို့ ဆနွင်းမကင်းလုပ်နည်းလေးကြုံ ရင်ရေးပေးပါနော်။
ကျေးဇူး….
ချယ်ရီ
I will post sis! 🙂
အစ်မရေ
ဒီ site ကိုကြည့်ပြီးကတည်းက အရင်ကလိုလျှောက်လျှောက်ရမ်းမချက်ရတော့ဘူး
အရင်တုန်း ဟင်းချက်လည်းဝါသနာပါ မလုပ်ကလည်းမလုပ်တတ်ဆိုတော့ ဟိဟိ
ပြီးတော့ အစ်မရေ ဟင်းအမည် အချိုးအစားတွေကို ဂရမ်အပြင် တခြားအချိန်အတွယ်လေးတွေနဲ့ပါတွဲတင်ပေးပါလားနော်။
ဂရမ်ကျတော့ ညီမမချိန်တတ်လို့ပါ။
အမြဲအားပေးလျက်
Nickey
ဟုတ်ကဲ့ နောက်ပိုင်းဟင်းတွေကို ကြိုးစားပြီ အချိန်အတွယ်များများနဲ့ ပူးတွဲ ရေးပေးပါ့မယ် ညီမရေ… အားပေးတယ်ဆိုလို့ ၀တ်ရည်ကလည်း အထူးကျေးဇူး.. 🙂
အစ်မ ကျွန်တော့်ကို ကြက်ဥပူတင်း ပြုလုပ်ပုံလေး တင်ပေးပါအုံးနော် ။ ကျွန်တော် ကြက်ဥပူတင်း လုပ်တာ ဆိုင်တွေမှာ စားသလို မမာလို့ ပါနော်။ ကျေးဇူးပါ။
ok I will bro.. Thanks 🙂
sis အရမ်းတော်တာပဲနော် လေးစားပါတယ် 🙂 အမြဲတမ်းလဲ အားပေးနေမယ်နော် … 🙂 ဟင်းချက်နည်းလေးတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊
Thanks also par naw! 🙂
Ma ma, thank u so so much !!! You are so kind and good heart owner … Thanks for all ur precious ways of cooking!
ွှThanks a lot sis yay! 🙂
Ma Ma can u post how to make delicious sauces? Thank U!
ok I will sis.. thanks you also par sis ya! 😛
မမ….အဲ့လင့်(http://nikicoffee.blogspot.com/2011/01/blog-post_25.html)ထဲကမုန့်က တရုပ်ရိုးရာမုန့်ပါ…အဲ့ဒါဘယ်လိုလုပ်ရမှန်းမသိလို့..မမသိရင်ပြောပြပေးပါလား..ကျေးဇူးမမ…း)
တခါမှ မစားဖူးဘူး.. ကြည့်ရတာ အချိုမုန့်ထင်တယ်.. 🙂
အဲဒါ စကြာမုန့် မဟုတ်လား? recipe ကို ဒီမှာတွေ့ဖူးတယ်။
ဂျုံ မှုန့်နဲ့ recipe http://youtu.be/viqVx0JXfPY ကရပါတယ်
ဆန်မှုန့်နဲ့ recipe ကတော့http://youtu.be/U2dVX9SprNU မှာရှိပါတယ်။
မချိုရေ
မင်္ဂလာပါနော်။တခုလောက်တောင်းဆိုချင်လို့ပါ။
သက်သက်လွတ်ဟင်းချက်နည်းလေးတွေလဲတင်ပေးပါအုံး။သက်သက်လွက်ရက်ရှည် စားတဲ့လူတွေအတွက်ဟင်းပွဲမထပ်ရအောင်လေ။ကူညီပါအုံးနော်။
အောင်မြင်ပါစေ
ကျေးဇူးပါ
ဟုတ်ကဲ့။ ကြိုးစားပြီ တင်ပေးပါ့မယ်နော်.. ကျေးဇူးပါ ညီမရေ.. 🙂
ဝတ်ရည်
ကျေးဇူးတင်ပါတယ် ။ အစ်မက ဟင်းချက်ဝါသနာပါတဲ့သူပါ။ ၀တ်ရည် ရဲ့ဟင်းချက်နည်း တွေ ကူးသွားပါတယ် ။ မိသားစုတွေကိုချက်ပြုတ်ကျွေးရတဲ့အခါ အများကြီးအထောက်အကူရတဲ့အတွက်ကျေးဇူးအရမ်းတင်ပါတယ်။
ဝတ်ရည်ကလည်း အမြဲအားပေးလို့ အထူးကျေးဇူးတင်လျှက်ပါနော်…
ဝတ်ရည်..
အစားအသောက်ပျက်နေတာတော်တော်ကြာပြီ..
ဝတ်ရည်ရဲ့ကျေးဇူးကြောင့်.အဆင်ပြေသွားတယ်..ကျေးဇူး.ပါ.
Thanks also 😀
ဦးက အသက်ကြီးပါပြီ ဟင်းချက်နည်းတွေပေးတာ အသက်ရှည်ဆေး ခွန်အားဗလအားဆေး ရုပ်လှဆေး ကျန်းမာဆေးတွေပေးတာနှင့်အတူတူမို့ သမီးလည်းထပ်တူရပြီးဖြစ်ပါသည်။ ဦးလှထွန်း
ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ.. ကျေးဇူးပါ
လာလည်သွားပါတယ်အမရေ…အမဲသားချက်နည်းလေးသိချင်ပါတယ်ရရင်တင်ပေးစေချင်ပါတယ်နော်..
ဟုတ်ကဲ့ တင်ပေးပါ့မယ်နော်…
အမဲသားချက်နည်းလေး တင်ပေးလိုက်ပါ့မယ်နော်.. Thanks 🙂
မနေ့က (29 Apr 2012) Sunday ဆိုတော့ ရုံးပိတ်ရက်မှာ ဒန်ပေါက် ချက်စားဖြစ်တယ်၊ အမ အမျိုးသားနဲ့ သမီးက ကြိုက်တယ်တဲ့
ကျေးဇူးတင်ပါတယ် မ၀တ်ရည်
ဟုတ်လား မသန္တာ။ ခုလို အားပေးလို့ ၀တ်ရည်ကလည်း ကျေးဇူး။ ၀တ်ရည်လည်း အဲဒီဒန်ပေါက်ကို အရမ်းသဘောကျတယ်၊ လုပ်ရလည်း လွယ်လို့လေ.
ဟုတ်တယ် လွယ်တယ်
အမက အချက်အပြုတ် ၀ါသနာပါတဲ့ အိမ်ရှင်မ ဆိုတော့ ၀တ်ရည်ကြောင့် ဟင်းကောင်းကောင်းလေးတွေ ကို မရိုးရအောင် မိသားစုကိုချက်ကြွေးရတဲ့ အတွက် ကျေးဇူးပါ ။ အမြဲအားပေးနေမယ်နော်၊
ဝတ်ရည် အောင်မြင်ပါစေ၊
Thanks also Ma Thandar! 🙂
နောက်တစ်ခါ ရုံးပိတ်ရက် မှာ ယိုးဒယား ငါးဖယ်ကြော် လုပ်စားမယ် ။
ဝတ်ရည်ကိုလည်း အမ လက်ရာလေး ပေးစားချင်ပါတယ် တကယ်ပြောတာပါ ။ ၀တ်ရည်ရဲ့ ဆိုက်ဒ် ကို သိတာ မကြာသေးဘူး အသိ နောက်ကျလိုက်တာ။ အမ သူငယ်ချင်းတွေ ကိုလည်း Share လုပ်ပေးထားတယ်
ဝတ်ရည်ကို ကျေးဇူးတင်ပါတယ်နော်
share ပေးထားတယ်ဆိုလို့ အထူးကျေးဇူးမ။ 🙂
ညီမ၀တ်ရည် ဆန်တို့ဖူးလုပ်နည်းလေးဖတ်ခဲ့ဘူးလားလို့ ပြန်ရှာတာမတွေ့ဘူး။ သိရင်ဝေမျှပေးပါအုံး။
တို့ဟူးလုပ်နည်းလေးကို https://getacookrecipe.wordpress.com/2010/11/08/တို့ဟူးသုပ်လေး-လုပ်စာြး/ မှာရေးထားပါတယ်.. 🙂
မ၀တ်ရည်ရေ…..
အနောက်တိုင်းအစားအစာ rib eye လုပ်နည်းလေးသိရင်တင်ပြပေးပါအုံး…
sorry sis, I don’t know!
ချက်ပြုတ်နည်းလေးကိုကြိုက်ပါတယ်…………ဒါပေမယ်လေ….အဲဒါလေးတွေကို ကျွန်တော် PDF နဲ့ Download လုပ်လို့ရအောင် တင်ပေးပါလို့ ပြောချင်ပါတယ်…ခင်ဗျာ
အစဉ်အမြဲ အားပေးလျှက်…………………….ကျေးဇူးတင်ပါတယ်
thank ma ma
မ၀တ်ရည် ထိုင်းကွေ့တယို့လုပ်နည်းနဲ့ထိုင်းငပိထောင်းလုပ်နည်းလေးတင်ပေးပါအုန်း
အမရေ အိမ်မှဟော့ပေါ့ လုပ်စားချင် လို့ပါ ပြောပြပါနော်
chicken adobo filippine food
အစ်မရေ ပဲသွေး/ဘဲသွေး လုပ်နည်း လေးရှိရင် တင်ပေးပါဦးနော်။
Mite tal mite tal mite tal 🙂
ကျေးဇူးအများကြီးတင်ပါတယ်
Hi sis,
May I know where can I get galangal & holly basil in Yangon cook for thai food.
Thank you.
ဆော်လမွန်ငါးချက်နည်းပြောပေးလို့ရမလားရှင့်.
အမ ဟင်းချက်နည်းတွေက အရမ်းကောင်းပါတယ်ကျေးဇူးတင်ပါတယ် Hot Pot ချက်နည်းလေးတွေရှိရင်လည်းတင်ပေးပါဦးလို့ 🙂
အမရေ ကြက်ကြော်တွေမှာ မွေးအောင်ဘာထည့်ပါသလဲ Thank you.
ပစ်ရူးလား ပက်ရှူးလား ထမင်းကြော်လေ
စပ်စပ်လေး စားလို့ကောင်းတယ်
ဘယ်လိုလုပ်ရလဲ သိချင်လို့….
အမရေ အမဲနှပ်ကောင်းကောင်း လုပ်စားချင်လို
နည်းလမ်းပေးပါအုန်း