‘၀က်နံရိုးကင်’
မနေ့က တင်လိုက်တဲ့ ၀က်နံရိုးကင် post error တက်ပြီ ဖွင့်မရသည့်အတွက်။ နောက်ထပ် ၀က်နံရိုးကင်အသစ် တကြိမ် ထပ်တင်လိုက်ပါသည်။ domain error ကြောင့် ခေတ္တ wutyeefoodhouse ကို ၀င်ကြည့်မရသည့်အတွက်လည်း အထူးမေတ္တာရပ်ခံပါသည်။
ဗီယက်နမ်စတိုင် ၀က်နံရိုးကင်လေးကတော့ ၀တ်ရည်စားဖူးတဲ့ ၀က်နံရိုးကင်တွေထဲမှာ အကောင်းဆုံးဟင်းလျာ ထဲမှာ ပါပါတယ်။ သူမှာ ပါဝင်တဲ့ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ငရုတ်သီး၊ သံပရာရည်တို့ကြောင့် ချဉ်၊ ချို၊ စပ် အရသာသုံးမျိုးလုံးကို ရရှိမှာပါ။ သူအပေါ်က ဖြူးထားတဲ့ မြေပဲကြောင့် ကြွပ်ကြွပ်ရွရွနဲ့ ချိုစိမ့် အရသာတမျိုးကို ထပ်ရအုန်းမှာပါ။ လုပ်ရလည်းလွယ်တဲ့ ဗီယက်နမ်စတိုင် ၀က်နံရိုးကင်လေးကို လုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ [Ingredients]
- ၀က်နံရိုး[pork rib] ♦ ၁ခု (၁ပေါင်ခွဲ)
- မြေပဲ [peanut] ♦ စားပွဲတင်ဇွန်း ၁ဇွန်း (မညက်တညက်ထောင်းထားပါ)
ဆော့တွင် ပါဝင်ပစ္စည်းများ [Sauce Ingredients]
- စပါးလင် [lemon grass] ♦ ၁စည်း (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်ဖြူ [garlic] ♦ ၅မွှာ (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်မြိတ် [scallot] ♦ ၁စည်း (နှုတ်နှုတ်စဉ်းပါ)
- ဂျင်း [ginger] ♦ လက်တဆစ် (နှုတ်နှုတ်စဉ်းပါ)
- င၇ုတ်သီးစိမ်း [chilli] ♦ ၂မွှာ (ပါးပါးလှီးပါ)
- နံနံပင် [cilantro] ♦ စားပွဲတင်ဇွန်း ၁ဇွန်း
- သကြား [sugar] ♦ စားပွဲတင်ဇွန်း ၃ဇွန်း
- နံနံစေ့မှုန့် [coriander powder] ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
- ငရုတ်ကောင်းမှုန့် [black pepper] ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ပဲငံပြာရည်(အကြည်) [soysauce] ♦ စားပွဲတင်ဇွန်း ၂ဇွန်း
- ငါးငံပြာရည် [fish sauce] ♦ စားပွဲတင်ဇွန်း ၃ဇွန်း
- သံပရာရည် [lime] ♦ စားပွဲတင်ဇွန်း ၃ဇွန်း
- ဟင်းရွက်ဆီ [vegetable oil] ♦ စားပွဲတင်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း [Recipes]
၁။ အရင်ဆုံး ၀က်နံရိုးကို ဆော့တွင် ပါဝင်ပစ္စည်းများ ဖြစ်သော (စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သကြား၊ နံနံစေ့မှုန့်၊ ငရုတ်ကောင်းမှုန်ပ၊ ပဲငံပြာရည်၊ ငါးငံပြာရည်၊ သံပရာရည်၊ ဟင်းရွက်ဆီ) တို့ကို ခွက်တစ်ခုထဲတွင် သမအောင် ရောမွှေလိုက်ပါ။
၂။ ပြီးလျှင် ထိုဆော့ရည်များကို ၀က်နံရိုးပေါ်သို့ လောင်းချလိုက်ပါ။
၃။ ပလတ်စတစ်အိတ်ဖြင့် ပုံတွင် ပြထားသည့်အတိုင်း နှပ်ထားသော ၀က်နံရိုးများကို ထည့်သိမ်းပါက ပိုမိုကောင်းမွန်သည်။
၎။ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄နာရီခန့် နှပ်ထားပေးပါ။ တညသိပ်က ပိုမိုကောင်းမွန်သည်။
၅။ ၀က်နံရိုး ကင်မည်ဆိုလျှင် မီးကင်ပြားကို ဆီအရင်သုတ်ထားပေးပါ။ မီးသွေး (သို့) ဂက်(စ်) ကြိုက်ရာဖြင့် ကင်နိုင်ပါသည်။
၆။ ပြီးမှ နှပ်ထားသော ၀က်နံရိုးများကို တဖက်ကို နာရီဝက်နှုန်းဖြင့် ၁နာရီခန့် ကင်ပေးပါ။
ရ။ ကင်ပြီးလျှင် ကျန်ဆော့ရည်အနည်းငယ်ကို အပေါ်မှ လောင်းချပေးပါ။
၈။ နောက်ဆုံးမှ ကြက်သွန်မြိတ်၊ မြေပဲလေးများ ဖြူပေးပြီ ဗီယက်နမ် ၀က်နံရိုးကင်ကို သုံးဆောင်နိုင်ပါပြီ…
Tip: ၀က်နံရိုး အရိုးနုကို ကင်ပါက ပိုမိုကောင်းမွန်ပါသည်။







လာအားပေးသွားတယ်နော် sis. အမြဲအားပေးလျက် …………………………
အမြဲအားပေးလို့ ၀တ်ရည်ကလည်း အထူးကျေးဇူး..
ကြည့်ရုံနဲ့တင် လျှာတွေလည်နေပြီညီမရေ..
လုပ်စားမယ်နော်..
ကျေးဇူး..
Thanks ma
ကြည်ရတာနဲ့ တင် တံထွေးတွေတောင် သီးလာပြီ၊
မျက်စိနဲ့ အ၀ စားသွားပြီး ၊ လျှပ်စစ်မီးနဲ့ကော ကင်လို့ရလားဟင် ။
ကျေးဇူးတင်တယ် ညီမလေး
မမြတ် လျှပ်စစ်မီးနဲ့လည်း ကင်လို့ရပါတယ်..
Thanks Ma Myat!