ကိုရီးယား ငါးရှဉ့်ကင်
ပါဝင်သောပစ္စည်းများ
၁။ ငါးရှည့် အသားလွှာပြီးသား (Eel) – ၃ကောင် (အတုံးကြီးများတုံးပေးပါ)
၂။ ငရုတ်သီးအနှစ် – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ပဲငံပြာရည် (အကြည်) (light Soy Sauce)- စားပွဲတင်ဇွန်း ၃ဇွန်း
၎။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
၅။ ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်း (ထောင်းပြီးသား ဂျင်းရည်)
၆။ ဆန်ဝိုင် (သို့) ၀ိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
၇။ ကော်မှုန့် (Corn-Flour)- လက်ဖက်ရည်ဇွန်း ၂ဇွန်း
၈။ နှမ်းဆီ (Seasame Oil)- လက်ဖက်ရည်ဇွန်း ၂ဇွန်း
၉။ သကြား – စားပွဲတင်ဇွန်း တ၀က်
၁၀။ ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၂ဇွန်း (နှုတ်နှုတ်ဆင်းပါ)
၁၂။ ကြက်သွန်နီ – စားပွဲတင်ဇွန်း ၂ဇွန်း (နှုတ်နှုတ်ဆင်းပါ)
ချက်ပြုတ်နည်း
၁။ ငါးရှည့်တွင် ပါဝင်သောပစ္စည်း အားလုံး (ငရုတ်သီးအနှစ်၊ ပဲငံပြာရည်၊ ဆား၊ ဂျင်းရည်၊ ၀ိုင်၊ ကော်မှုန့်၊ နှမ်းဆီ၊ သကြား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ) အားလုံးကို ခွက်ကြီးတစ်ခုထည့်ပြီး ရောမွှေလိုက်ပါ။
၂။ ပြီးမှ ဒယ်ပြားထဲ ခွက်အတွင်းမှ ဆော့ရည်များကို အနည်းငယ် ပျစ်သည်အထိ မီးအသင့်တင့် တည်ထားပေးပါ။
၃။ ဆော့ရည်ပျစ်သွားလျှင် ငါးရှည့်များကို ဆော့ရည်ထဲ စိမ်ပြီး ၁နာရီခန့် နှပ်ထားပေးပါ။
၎။ ပြီးလျှင် ငါးရှဉ့်များကို မီးသွေးမီးဖို(သို့) ရိုးရိုးမီးဖို ပေါ်တင်ပြီး ကင်ပေးပါ။
၅။ ကင်ပေးနေစဉ်အတွင်း ဆော့အရည်များကို သုတ်တံဖြင့် သုတ်ပေးနေပါ။
၆။ ငါးရှဉ့်အားလုံး ကင်ပြီးသွားလျှင် နှမ်းဆီ(စားပွဲတင်ဇွန်း တ၀က်)၊ ပျားရည် (စားပွဲတင်ဇွန်း တ၀က်) ကင်ပြီးသား ငါးရှည့်များဖြင့် ရောမွှေလိုက်ပါ။
၇။ ပြီးမှ အပေါ်နှမ်းဖြူးပြီး ကိုရီးယား ငါးရှဉ့်ကင် အရသာရှိုရှိ ထမင်းနဲ့ပဲဖြစ်ဖြစ် တွဲဖက် စားသုံးနိုင်ပါပြီး…
i saw in the movie before but never ate before wanna eat…looking yummy
hey hmone gyi, plz try it!! 🙂
yummy sissy~ ♥♥♥♥♥♥
Thanks ကြက်ဇင်
အစ်မ၊ ကျွန်တော်တို့ဆီမှာ ငါးရှဥ့်မရှိလို့ ဒီဟာတော့ ချက်မစားဖြစ်ဘူး။ ကိုရီးယား ထမင်းသုပ်ကိုတော့ ကိုးရီးယား ငရုတ်သီးအနှစ်မရှိလို့ tomato sauce နှင့်ပဲ သုတ်စားလိုက်တယ်။ ကောင်းတော့ကောင်းတယ်ဗျ။ ကျေးဇူးပါပဲ။
ရပါတယ်.. ဘယ်လိုဖြစ်ဖြစ် စားလုံးကောင်းဖို့ အရေးကြီးဆုံးပဲ.. 🙂